သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 19, 2013

မြန်မာ - ထိုင်းနယ်စပ်တွင် အထူး စီးပွားရေး ဇုန် တည်ဆောက်ရေး ထိုင်း စတင်လေ့လာမည်

ရန်ကုန်၊ စက်တင်ဘာ ၁၈
မြန်မာနှင့် ထိုင်း နယ်စပ်ရှိ မြဝတီ-မဲဆောက်နှင့် တာချီလိတ်-မယ်ဆိုင်တို့တွင် စက်မှုဇုန်များ တည်
ဆောက်ရေး ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုရေး တိုးတက်မှု ဘုတ်အဖွဲ့ (NESDB) က လေ့လာ
ကာ အဆိုပြုလွှာတင်ပြသွားမည် ဖြစ်ကြောင်း ထိုင်း ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုချက်ကို ကိုးကား
၍ ဘန်ကောက် ပိုစ့်သတင်းစာတွင် ဖော်ပြထားသည်။

ထိုအဆိုပြုလွှာကို ရက် ၃၀၀ ခန့် လေ့လာရေးဆွဲပြီးနောက် ယင်းဘုတ်အဖွဲ့က ဝန်ကြီးဌာနထံ တင်
ပြမည်ဟု ဝန်ကြီးက ပြောဆိုထားကြောင်း သတင်းကဆိုသည်။

နယ်စပ်ဒေသတွင် အထူးစီးပွားရေးဇုန်များ ဆောက်လုပ်ခြင်းမှာ ကောင်း မွန်သော်လည်း နှစ်နိုင်ငံမူ
ဝါဒမညီမျှပါက ကုန်သွယ်ရေးဆိုင်ရာ ကွာဟချက်များ ဖြစ်လာနိုင်ကြောင်း ကဏန်းလုပ်ငန်းရှင်များ
အသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောကြားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်တွင် အထူးကုန်သွယ်ရေးဇုန် တည်ဆောက်ပြီး ကုန်သွယ်ရန် အရေးပါ
သော အချက်များကို စက်တင်ဘာ ၁၇ ရက်နေ့က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်
ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံစဉ်က
ဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ကုန်သွယ်ရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုအကျိုးဖြစ်ထွန်းစေရန် စီမံချက်များ အ
ထူးသဖြင့် စည်းမျဉ်း စည်းကမ်းဘောင်များကို မြန်မာအစိုးရနှင့် ဆွေးနွေးရန် လိုအပ်နေသေးကြောင်း
ထိုင်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံ တပ်ခရိုင်ရှိ မဲဆောက်မြို့မှ ကုန်စည်များကို ရန်ကုန်ကို တင်ပို့နေပြီး ချင်းရိုင်ခရိုင်ရှိ မယ်
ဆိုင်မှ ကုန်စည်များကိုမူ မြန်မာနိုင်ငံ အရှေ့မြောက်ဖျားဒေသများကို ဖြတ်၍ တရုတ်နိုင်ငံတောင်ပိုင်း
သို့ တင်ပို့လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D