မြန်မာနိုင်ငံတစ်ဝန်းမြေမြှုပ်မိုင်းကြောင့်ကိုယ်လက်အင်္ဂါချို့ယွင်းသူများပြန်လည်သန်စွမ်းရေးအတွက်ဂျာမနီအစိုးရကအမေရိကန်ဒေါ်လာနှစ်သိန်းကျော်ကိုမြေမြှုပ်မိုင်းကြောင့်ဓားစာခံဖြစ်ခဲ့ရသူများအတွက်ပံ့ပိုးကူညီနေသည့်ဒိန်းမတ်နိုင်ငံအခြေစိုက်DanchurchAid(DCAသို့ထောက်ပံ့ထားကြောင်းစက်တင်ဘာလ၁၈ရက်နေ့တွင်(DCAကထုတ်ပြန်သည်။ဂျာမနီအစိုးရကထောက်ပံ့သောယင်းရန်ပုံငွေများသည်ယူရိုတစ်သိန်းခွဲတိတိရှိပြီးအစိုးရချင်းချိတ်ဆက်လှူဒါန်းခြင်းမဟုတ်ဘဲမြန်မာနိုင်ငံမှမြေမြှုပ်မိုင်းဒဏ်ထိဒေသခံများနှင့်တိုက်ရိုက်ထိတွေ့လုပ်ကိုင်နေသည့်DCAသို့ထောက်ပံ့ပေးခြင်း
ဖြစ်သည်။
အဆိုပါ ထောက်ပံ့မှုများကို မြန်မာနိုင်ငံရှိ DCA ရုံးက သွားလာရ ခက်ခဲသော
နေရာဒေသများမှ မြေမြှုပ်မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ
ဆုံးရှုံးခဲ့သူများအတွက် ရွေ့လျားခြေတု၊ လက်တု တပ်ဆင်ရေး ဆေးခန်းများ
ဖွင့်လှစ်ကာ ထည့်သွင်း သုံးစွဲသွားမည် ဖြစ်ကြောင်း DCA ၏ ထုတ်ပြန်
ချက်များအရ သိရသည်။
မြေမြှုပ်မိုင်း အများဆုံးပြည်နယ် တစ်ခုဖြစ်သည့် ကရင်ပြည်နယ်
တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများ စာရင်းကို လိုက်လံ ကောက်ခံ
လျက်ရှိပြီး လက်နက်ကိုင် တပ်ဖွဲ့များနှင့် တပ်မတော်က ထောင်ထားသော
မိုင်းအားလုံး ရှင်းလင်းရေးအတွက်မူ ယခုအချိန်ထိ စတင်ခြင်း
မရှိသေးကြောင်းMine Action Myanmar မှဦးစောမိုးမြင့်က ပြောကြား
သည်။
မြန်မာနိုင်ငံ၏မြေမြှုပ်မိုင်းရှင်းလင်းရေးအတွက်နိုင်ငံတကာကပံ့ပိုးမှုများစွာရရှိသည့်အထဲမှမြေမြှုပ်မိုင်းအတွက်
အကူအညီ အများဆုံးပေးသော ဒိန်းမတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်
ဒေါ်လာ ၃၇၃,၅၈၇ ပံ့ပိုးပေးထားပြီး ဒုတိယအများဆုံး အလှူရှင်ဖြစ်သည့်
အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၈၉,၁၀၆ ထောက်ပံ့ ထားကြောင်း နိုင်ငံတကာ
မြေမြှုပ်မိုင်း ရှင်းလင်းရေးအဖွဲ့ (Landmines & Cluster Munition
Monitor) ထံမှသိရသည်။
နိုင်ငံတကာ အလှူရှင်များထံမှ မြေမြှုပ်မိုင်း ရှင်းလင်းရေး၊ အသိပညာ
ပေးရေး၊ မြေမြှုပ်မိုင်းဒဏ် ခံစားရသူများအတွက် ခြေတု၊ လက်တုများ
တပ်ဆင်ပေးခြင်းတို့အတွက် ရရှိသည့် ရန်ပုံငွေ အားလုံးသည် ၂၀၁၁ ခုနှစ်တွင်
အမေရိကန်ဒေါ်လာ ၆၇၄,၃၆၈ ရှိသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...