သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 18, 2013

အဂတိလိုက်စားမှု ဥပဒေ ဒီကနေ့က စပြီး အာဏာတည်ပြီ

သမ္မတဦးသိန်းစိန်ကြုံးဝါးနေတဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်လို့စက်တင်ဘာလ၁၇ရက်နေ့စွဲနဲ့ ဥပဒေအာဏာတည်တဲ့နေ့ရက်သတ်မှတ်တဲ့အမိန့် ထုတ်ပြန်လိုက်ပါပြီ။

စက်တင်ဘာလ၁၇ရက်နေ့ကစတင်ပြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဟာစတင်အာဏာသက်ဝင်သွားပြီဖြစ်ပါတယ်။
 ဥပဒေ သဘောအရ အရင်တုန်းက အဂတိလိုက်စားမှုတွေ ကျူးလွန်ရင်ရော ဒီဥပဒေက ဘယ်လို အရေးယူလို့ ရမယ်ဆိုတာ သေချာ မရှင်းလင်းသလို ဒီကနေ့ကစပြီး အဂတိလိုက်စားသူဟာ ဒီဥပဒေနဲ့ အရေုးယူ အပြစ်ပေးလို့ ရတဲ့သဘောအဖြစ် မှတ်ယူလို့ရတဲ့ အနေအထားပါ။ 
 တဖက်ကလည်း နှစ်ပေါင်းများစွာ အဂတိလိုက်စားမှုတွေ အလွန်များခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီ ဥပဒေနဲ့ ဘယ်သူတွေ စံပြအဖြစ် အရေးယူခံရမလဲဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
 သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်မှာ ဖော်ပြထားတာကို ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 နိုင်ငံတော်သမ္မတရုံး
 အမိန့်ကြော်ငြာစာ အမှတ်၊ ၇၃/ ၂၀၁၃
 ၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် (၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း
 အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည် ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၇ ရက် (၁၃၇၅ ခုနှစ်၊ တော်သလင်း လဆန်း ၁၃ ရက်) နေ့မှစတင်၍ အာဏာတည်သည်ဟု သတ်မှတ် လိုက် သည်။
 (ပုံ) သိန်းစိန်
 နိုင်ငံတော်သမ္မတ
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
ဧရာဝတီblog

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D