သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 20, 2013

နျူကလီးယားဗုံး ဘယ်တော့မှ မလုပ် ဟု အီရန်သမ္မတပြောကြား

တီဟီရန်၊ စက်တင်ဘာ ၁၉။
အီရန်သမ္မတရိုဟာနီက အီရန်နိုင်ငံသည်မည်သည့်အခါတွင်မျှ နျူကလီးယားဗုံးပြုလုပ်မည် မဟုတ်ကြောင်း
ပြောကြားလိုက်သည်။၎င်းသည် သမ္မတအဖြစ် ရွေးကောက်ခံရပြီး နယူးယောက်တွင်ပြုလုပ်မည့်ကုလသမဂ္ဂ အထွေထွေစည်းဝေးပွဲသို့ ပထမဆုံးအကြိမ် သွားရောက်မည့် အစီအစဉ်မတိုင်မီ တီဟီရန်တွင် အမေရိကန် ရုပ်သံတစ်ခုဖြစ်သည့် NBCနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ နျူကလီးယား ဗုံးဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်မှာ မဟုတ်
ဘူး”ဟု မစ္စတာရိုဟာနီက ပြောကြားသည်။

“ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ နျူကလီးယား အပါအဝင် ပျက်စီးမှု အကြီးစား ဖြစ်
စေတဲ့ လက်နက် ဘယ်လိုပုံစံမျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူး ဆိုတာ ထပ်တလဲလဲ ပြောကြားပြီးပါပြီ” ဟု
၎င်းက ဆိုသည်။

၎င်းတို့၏ နျူကလီးယားသည့် လုံးဝငြိမ်းချမ်းသော ဆောင်ရွက်ချက်များအတွက်သာ ဖြစ်ကြောင်း ယခုကဲ့သို့
အခိုင်အမာ ပြောဆိုမှုမျိုးကို အီရန်နိုင်ငံက ယခင်ကပင်ပြောကြားဖူးသော်လည်း အမေရိကန် အပါအဝင် မ
ဟာမိတ်နိုင်ငံများက နျူကလီးယား လက်နက်ထုတ်လုပ်မည်ဟု သံသယရှိနေကြပြီး တချို့ကျွမ်းကျင်သူများ
က လာမည့်နှစ်တွင်ပင် အကောင်အထည်ဖော်နိုင်ကြောင်း ပြောကြားသည်။

အီရန်နိုင်ငံ၏ သြဇာကြီးပုဂ္ဂိုလ်အယာတိုလာ အလီခါမေနီသည် နျူကလီးယားအပါအဝင် အခြားအရေးကြီး
သည့် ကိစ္စရပ်များကို ထိန်းချုပ်ထားကြောင်း သိရှိထားကြရာ အမေရိကန်နိုင်ငံက မေးမြန်းနေခဲ့သော မေး
ခွန်းတစ်ခုကိုလည်း အီရန်သမ္မတက ပြောကြားခဲ့သည်။

“နျူကလီးယား စီမံကိန်းမှာ ဒီအစိုးရဟာ အာဏာကုန်ရပါတယ်။ ပြီးတော့ အခွင့်အာဏာ အပြည့်ရရှိပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့လုံလောက်တဲ့ နိုင်ငံရေး လွတ်လပ်မှုရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိသမ္မတသည် သဘောထား တင်းမာသော အီရန်နိုင်ငံ အုပ်ချုပ်ရေးတွင် သဘောထားသင့်တင့် မျှတ
သည့်သူ တစ်ဦးအဖြစ် ယူဆခံရပြီး ၎င်းသမ္မတ ရွေးကောက်ပွဲဝင်ချိန်တွင် အီရန်နိုင်ငံ၏ အဓိကတင်ပို့ကုန်
ဖြစ်သော ရေနံ အပေါ် ရိုက်ခတ်နေသည့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို
သက်သာရာရစေမည်ဟု ကတိပြုခဲ့သူဖြစ်သည်။

ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် အီရန်သည် ဒေသတစ်ခုလုံးအတွင်း ငြိမ်းချမ်းရေးနှင့်
တည်ငြိမ်ရေး ဆိုးဝါးစွာပျက်စီးစေသည့် လက်နက်များကို ပပျောက်ရေးကိုလိုလားကြောင်းပြောကြားသည်။

၎င်းသည် ဇွန်လအတွင်း သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရစဉ် အမေရိကန်သမ္မတ အိုဘားမားထံမှ
အပြုသဘောဆောင်သည့် စာတစ်စောင် လက်ခံရရှိခဲ့ဖူးသည်။

အီရန်သမ္မတသည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန်ရှိသော်လည်း အမေရိကန်သမ္မတ
အိုဘားမားသည် အီရန်သမ္မတနှင့် ၎င်းညီလာခံတွင် တွေ့ဆုံမည် မဟုတ်ကြောင်း အိမ်ဖြူတော် ပြောရေးဆို
ခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ယမန်နေ့က ပြောကြားသည်။

Ref:the independent

The Myanma Age by မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D