မာဒေးကားပြိုင်ပွဲဝင်မြန်မာယူ၂၃အသင်းမှကစားသမားအချို့အစာအဆိပ်သင့်ခဲ့သည်ဟုသတင်းများထွက်ပေါ်လာခဲ့သော်လည်းမဟုတ်မှန်ကြောင်းမြန်မာယူ၂၃အသင်း၏မီဒီယာအရာရှိဦးစိုးမိုးကျော်ကရှင်းလင်းခဲ့သည်။မြန်မာယူ၂၃အသင်းအနေဖြင့်အုပ်စုအဆင့်အဖွင့်ပွဲစဉ်ကစားပြီးခဲ့ချိန်တွင်ယင်းသတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။မြန်မာယူ၂၃အသင်း၏မီဒီယာအရာရှိဦးစိုးမိုးကျော်က''ကစားသမားတချို့အစာအဆိပ်သင့်တယ်ဆိုတဲ့သတင်းတွေကမဟုတ်ပါဘူး။တကယ်တမ်းသာဆိုရင်ဒီသတင်းကတစ်ကမ္ဘာလုံးကိုပြန့်သွားမှာပါ။ကျွန်တော်တို့လဲအသင်းနဲ့အတူတူရှိနေခဲ့တာပါပဲ။အမှန်ကကစားသမားတွေကိုအပြင်ထွက်ခွင့်ပေးတဲ့အချိန်မှအစားမှားသွားတာပါ။
သူတို့ က
အပြင်မှာရောင်းတဲ့ဝက်သား တုတ်ထိုးတွေစားခဲ့မိပြီး အနည်း ငယ်
ဝမ်းပျက်တဲ့ရောဂါရရှိခဲ့တာ ပါ။ ဆိုးဆိုးရွားရွားကြီးမဟုတ်ပါ ဘူး''ဟု
ပြောသည်။
မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် (၂၇)
ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်အုပ်ချုပ်သူ၊နည်းပြ၊ကစားသမားများကိုတည်းခိုနေထိုင်ရေးနှင့်ဧည့်ခံကျွေးမွေးရန်အတွက်တင်ဒါအောင်ထားသည့်မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှဝန်ဆောင်မှုပေးမည်ဖြစ်သည်။ယင်းနှင့်ပတ်သက်၍မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ
တာဝန်ရှိသူတစ်ဦး က ''ဆီးဂိမ်းပြိုင်ပွဲမှာ လာရောက် ယှဉ်ပြိုင်မယ့်
အားကစားသမား တွေအပါအဝင်
သက်ဆိုင်ရာတာဝန်ရှိသူတွေကိုကျွေးမယ့်အစားအစာမှာဝက်သားနဲ့သက်ဆိုင်တဲ့အစားအစာလုံးဝမပါဝင်ပါဘူး။
ကစားသမားတွေအနေနဲ့ အစာ အဆိပ်သင့်မှုတွေ၊ ဝမ်းပျက်ဝမ်း လျှောမှုတွေမဖြစ်အောင်
သားငါး ကအစ စနစ်တကျသိုလှောင်ထား ဖို့ Unilver က နည်းစနစ်တွေ အတိုင်း
ဆောင်ရွက်မယ်၊ ပြည် တွင်းက
ဟင်းသီးဟင်းရွက်တွေကိုလဲFDAရဲ့စံညွှန်းအတိုင်းအသုံးပြုသွားပါမယ်''ဟုပြော
သည်။
ဆီးဂိမ်းပြိုင်ပွဲမစတင်မီနိုဝင်ဘာ ၂၄ရက်မှစတင်၍ တည်း ခိုနေထိုင်ရေးနှင့်
ဧည့်ခံကျွေးမွေး ရေးကော်မတီမှ အုပ်ချုပ်သူ၊နည်းပြ၊ ကစားသမားစုစုပေါင်း ၃၅၀၀
အား တစ်နေ့လျှင်ငါးကြိမ်နှုန်းဖြင့် ဒီဇင်ဘာ ၂၅ရက်အထိ အာဆီယံ၊
အိန္ဒိယ(ဟာလာ)၊ တရုတ်၊ မြန်မာ အစားအစာများဖြင့် ဝန်ဆောင် မှုပေးမည်ဖြစ်ဟု
သိရသည်။
Yangon Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...