သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 20, 2013

မြန်မာ ဒုက္ခသည် စခန်းတွေကို ရိက္ခာ ဖြတ်တောက်တော့မည်

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်အချို့အတွက် ဆန်ရိက္ခာခွဲတမ်းကို ဒီဇင်ဘာ
လကနေစပြီး ဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီစခန်းတွေက ဒုက္ခသည်တွေကို အကူအညီအလိုအပ်ဆုံးသူ၊ အကူအညီ လိုသူ၊ စံနှုန်းနဲ့ ကိုယ်ထူ
ကိုယ်ထဆိုပြီး အုပ်စု ၄ မျိုးခွဲကာ တစ်နည်းနည်းနဲ့ ဝင်ငွေရရှိနေပြီဖြစ်တဲ့ ကိုယ်ထူကိုယ်ထအုပ်စု
က လူကြီးတွေအတွက် ဆန်ခွဲတမ်းမရရှိတော့ဘူးလို့ သိရပါတယ်။

ဒီအပြောင်းအလဲနဲ့ ပတ်သက်လို့ ဒုက္ခသည်စခန်းတွေကို ရိက္ခာအကူအညီပေးနေတဲ့TBBC အဖွဲ့ ကြီး
ရဲ့ ဒါရိုက်တာ MRs. Sally Thomson ကတော့ အခုလိုရှင်းပြပါတယ်။

“ယခုအပြောင်းအလဲတွေကို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေများ လျှော့နည်းသွားခြင်းကြောင့်
ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်၊ ဒုက္ခသည်စခန်းတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ချဉ်းကပ်ပြီး စီ
မံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”

ယခင်ကလူကြီးတစ်ဦးကို တလကိုဆန် ၁၂ ကီလို ရရှိနေရာကနေ စံနှုန်းလို့သတ်မှတ်ခံရတဲ့ အုပ်စု
ထဲက လူကြီးတွေကတော့ အခု ၈ ကီလို ကနေ ၁၂ ကီလိုအထိရရှိမှာဖြစ်ပြီး၊ အကူအညီလိုသူ အုပ်
စုကတော့ နဂိုအတိုင်း ၁၂ ကီလို ရရှိမှာဖြစ်ပါတယ်။

အကူအညီ အလိုအပ်ဆုံးအုပ်စုကတော့ ဆန်ရိက္ခာပိုမိုရရှိနိုင်မှာဖြစ်ပြီး အုပ်စုအားလုံးက ၁၈ နှစ်
အောက် ကလေးငယ်တွေကတော့ နဂိုမူလခွဲတမ်းအတိုင်း တစ်ဦးကို ၆ ကီလို ဆက်လက်ရရှိမယ်
လို့လည်း သိရပါတယ်။

TBC အဖွဲ့ကြီးရဲ့ ဇူလိုင်လ စာရင်းအရ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ လူဦးရေစုစု
ပေါင်း တစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D