အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး
ပြုပြင်ပြောင်းလဲသင့်ပြီလို့ ပြောလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အမြန်ဆုံးပြောင်းလဲမှသာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းဆီကို ခိုင်ခိုင်မာမာ ဦးတည် သွားနိုင်မယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။
ခုလောလောဆယ် မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်နေတယ်လို့ ချက်နိုင်ငံ Prague မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားသား မိသားစုဝင်ရှိသူတွေကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသလို အာဏာရှိသူတွေက တရားရေးအထက်မှာရှိနေတာတွေ၊ စစ်တပ်ကို လွှတ်တော်မှာ နေရာပေးထားတာတွေ၊ ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေ၊ တိုင်းရင်းသားတွေအတွက် မကိုက်ညီတဲ့ ဥပဒေတွေ ရှိနေတဲ့အတွက် အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြောင်းလဲဖို့ လွှတ်တော်အမတ် ၇၅ % ရဲ့ ထောက်ခံချက် ရရှိမှသာ ပြောင်းလဲနိုင်မှာဖြစ်ပြီး လွှတ်တော်နေရာ ၂၅% ကို စစ်တပ်က ယူထားတဲ့အတွက် အခက်အခဲ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
ABC Radio Australia

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...