သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 19, 2013

ခင်ဦး - မုံရွာ မီးရထား ရထားမောင်း ကျွမ်းကျင်မှုကြောင့် အန္တရာယ်မှ လွတ်မြောက်

ခင်ဦး - မုံရွာ မီးရထား လမ်းရှိ တံတားအမှတ် (၃၀၆) မှာ ရေတိုက်စား၍ ပျက်စီးနေသော်လည်း ရထားစက်
ခေါင်းမောင်း၏ သတိနှင့် လုပ်ငန်း အတွေ့အကြုံအရ ခရီးသည် ၂၀၀ ခန့် ၏ အသက်နှင့် ရထားပျက်စီးဆုံး
ရှုံးမှုတို့ ဘေးအန္တရာယ်ကြားမှ ကာကွယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးဘူတာမှ မီးရထားစက်ခေါင်း အမှတ် (DD-၉၄၉)၊ ရထားအမှတ်
(၆၀) အစုန် လူစီးလော်ကယ်ရထားမှာ စက်ခေါင်းမောင်း(၂) ဦးခင်ဦး၊ လက်ထောက်(၁) ဦးအောင်ကျော်
ဦး၊ ရထားထိန်း ဦးအောင်မြင့်ခိုင်တို့သည် စက်တင်ဘာ ၁၂ ရက် နံနက် ၅ နာရီ တွင် မုံရွာသို့ စတင်ထွက်
ခွာလာခဲ့ ကြောင်း၊ မိုးမှောင်ကျနေပြီး အလင်းရောင် ထင်ထင်ရှားရှား မမြင်ရသေး၍ ရှေ့မီးမောင်းကြီးဖွင့်
လျက် မောင်းနှင် လာခဲ့ရာ နံနက် ၅ နာရီ ၄၅ မိနစ် တွင် မိုင်တိုင်အမှတ် (၅၂၁/၁-၂) ကြားတွင်ရှိသော
တံတားအမှတ် (၃၀၆) မူးတိမ်ချောင်း တံတားအနီး ရှေ့မီးရောင် အဆုံး၌ တံတားပေါ်ရှိ သံလမ်းအနည်း
ငယ်ကွေးပြီး နိမ့်နေ ကြောင်း စက်ဗိုလ်က မူမမှန်သော မြင်ကွင်းကို သိရှိရ၍ အန္တရာယ် အနေအထားဟု
အမြန်ဆုံး ဆုံးဖြတ် ချက်ချကာ တွဲဆိုင်းဘရိတ်အား အသုံးပြုပြီး ရထားကို အမြန်ဆုံး ရပ်တန့်ခဲ့ရာ တံ
တားအနီးပေ ၂၀ ခန့် အကွာ၌ ရထားအား ရပ်တန့်နိုင်ခဲ့ ကြောင်း သိရှိရသည်။

တံတားအမှတ် (၃၀၆) သည် မိုးရွာ သွန်းမှုကြောင့်လည်းကောင်း၊ ဆည် မြောင်းရေများစီးဝင်မှုကြောင့်
လည်း ကောင်း၊ တံတားကာတာ (သံပေါင်)ရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံသည် ရေထဲမျောပါသွားကာ
ရထားသံလမ်း များသာ တွဲလျောင်းကျန်ရစ်နေ ကြောင်း သိရသည်။ ရထားစီးခရီးသည် တစ်ဦးက ရ
ထားစက်ခေါင်းစက်ဗိုလ်မှာ သတိနှင့် လုပ်ငန်း အတွေ့အကြုံရှိ၍ ရထားနှင့် ခရီးသည် ၂၀၀ ခန့်တို့၏
အသက် အန္တရာယ်နှင့် ပစ္စည်းများဆုံးရှုံးမှုမဖြစ် ပေါ်ခဲ့ကြောင်း၊ သို့မဟုတ်ပါက ဆက်လက်ပြီး တံတား
ကို ဖြတ်သန်း သွားမိခဲ့လျှင် မတွေးရဲစရာဖြစ်မိ ကြောင်း၊ ရထားစက်ဗိုလ်နှင့် ဝန်ထမ်း များကို အထူး
ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

တံတားအမှတ် (၃၀၆) ပျက်စီးသွား ၍ ရထားအသွားအလာ ပျက်သွား သော်လည်း ရထားစီးခရီးသွား
ပြည် သူများ၊ အဝေးသင်တက္ကသိုလ်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်း သူများ လမ်းပန်း
ဆက်သွယ်မှုမပြတ် တောက်စေရန်အတွက် မြန်မာ့မီးရ ထားမှဝန်ထမ်းများက အမြန်ဆုံး ပြုပြင် တည်
ဆောက်ပေးမှုကြောင့် စက်တင်ဘာ ၁၈ ရက် နံနက်မှစ၍ ရထားများ ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း သိ
ရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D