သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 21, 2013

နိုင်ရိုဘီမြို့ ကုန်တိုက် တိုက်ခိုက်မှု လူ ၂၀ သေဆုံး

ကင်ညာနိုင်ငံ၊ 
နိုင်ရိုဘီမြို့တော်က သေနတ်သမားတွေ စီးနင်းထားတဲ့ Westgate 
ကုန်တိုက်အတွင်းက ပိတ်မိနေတဲ့ ဈေးဝယ်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ 
ရဲအရာရှိတစ်ဦး။ (စက်တင်ဘာ ၂၁၊ ၂၀၁၃။)ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်က သေနတ်သမားတွေ စီးနင်းထားတဲ့ Westgate ကုန်တိုက်အတွင်းက ပိတ်မိနေတဲ့ ဈေးဝယ်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရဲအရာရှိတစ်ဦး။ (စက်တင်ဘာ ၂၁၊ ၂၀၁၃။)
 
21.09.2013
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ထဲက ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ ကုန်တိုက်ကြီး တစ်ခုထဲမှာ သေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီးတော့ လေး-ငါး- ၆၀ လောက် ဒဏ်ရာ ရသွားတယ်လို့ ကင်ညာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

Westgate ကုန်တိုက်မှာ သေနတ်သမားတွေက သေနတ်တွေ၊ လက်ပစ်ဗုံးတွေ နဲ့ စနေနေ့အစောပိုင်းတုန်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ကလေးငယ်တွေအပါအဝင် တော်တော်များများလည်း ဒဏ်ရာ ရသွားပါတယ်။ ကုန်တိုက်ထဲမှာ ဆက်ပြီးတော့ ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ ရာနဲ့ချီနဲ့ သေနတ်သမားတွေကြားမှာလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။

ကုန်တိုက်အပေါ် ပစ်မှတ်ထား တိုက်ခိုက်ပုံရတဲ့ ဒီပစ်ခတ် တိုက်ခိုက် မှုတွေကြောင့် ထိတ်လန့်နေကြတဲ့ ဈေးဝယ်အတော်များများ ထွက်ပြေး ခဲ့ကြပါတယ်။ ကုန်တိုက်ထဲကနေ မီးခိုးတွေကိုလည်း ဝင်ပေါက် ထွက်ပေါက်တွေ ကနေတဆင့် မြင်နေရပါတယ်။ ကုန်တိုက်ပတ်လည်ကိုလည်း ရဲတွေက ဝိုင်းထားဆဲ ဖြစ်ပါတယ်။

“ကုန်တိုက်ကို ဓမြတိုက်ဖို့ မအောင်မြင်တဲ့ကြိုးစားမှု” လို့ အစပိုင်းမှာ ရဲတွေက ပြောပါတယ်။ ဒါပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ သတင်း မီဒီယာတွေက သတင်းတွေ ထုတ်ပြန်နေပါတယ်။ Westgate ကုန်တိုက်ဟာ ကင်ညာနိုင်ငံက ကြွယ်ဝချမ်းသာတဲ့ ကင်ညာလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေ အသွားများတဲ့ ကုန်တိုက်ဖြစ်ပါတယ်။ 
 
 
ဗွီအိုအေ (မြန်မာဌာန)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D