ဖိလစ်ပိုင်စစ်တပ်က နိုင်ငံတောင်ပိုင်း
ဇမ်ဘိုအာဂါမြို့တွင် လက်နက်ကိုင်
မွတ်ဆလင်မ်သူပုန်များအား လိုက်လံရှာဖွေလျက်ရှိပြီး သူပုန်များအနေဖြင့်
လက်နက်ချအညံ့ခံခြင်း မပြုလျှင် အသတ်ခံရမည်ဟု သတိပေးလိုက်သည်။
စက်တင်ဘာ ၉ ရက်နေ့တွင် ဖိလစ်ပိုင်တောင်ပိုင်းမှ MNLF သူပုန်တပ်ဖွဲ့ဝင် ၂၀၀ ခန့်မှာ ဇမ်ဘိုအာဂါမြို့သို့ စီးနင်းဝင်ရောက်သိမ်းပိုက်ခဲ့ရာမှ အစိုးရစစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွားခဲ့သည်။ သူပုန်တပ်ဖွဲ့ ဓားစာခံများ ဖမ်းဆီးထားခဲ့ပြီး စစ်တပ်၏ တိုက်ခိုက်မှုကို အကာအကွယ် ယူခဲ့ကြောင်း သတင်းများကဆိုသည်။
ယခုအခါ ဖိလစ်ပိုင်စစ်တပ်က သူပုန်များ သိမ်းပိုက်ခဲ့သည့် နေရာများကို တိုက်ခိုက်ရှင်း လင်း ကာ ပြန်လည်ထိန်းချုပ်လာနိုင်ပြီဖြစ်ပြီး ဓားစားခံ ရာနှင့်ချီ၍လည်း ပြန်လည် လွတ်မြောက်စေခဲ့သည်။

From:မြ၀တီ

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...