သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 20, 2013

အရက်၊ ဘီယာ ဖြန့်ဖြူးနေသည်ဟု သတင်းပေးမှုအရ GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် ထပ်မံရှာဖွေရာတွင် နိုင်ငံခြားဖြစ် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် စစ်ဆေးတွေ့ရှိ

Photo:
အရက်၊ ဘီယာများ ဖြန့်ဖြူးနေသည်ဟု သတင်းပေးထားသော GMG ကုမ္ပဏီအား ဒုတိယမြောက် နေ့အဖြစ် စက်တင်ဘာ ၁၉ ရက်က ထပ်မံရှာဖွေရာတွင် အရက်ပုလင်းဟောင်း ၃၈၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သိရသည်။



ယင်းသို့ ရှာဖွေရခြင်းမှာ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်းနှင့် ပိုက်များအား အဓိကထား တင်သွင်းဖြန့်ဖြူးနေသည်ဟု ဆိုထားသော GMG ကုမ္ပဏီမှာ အရက်နှင့် ဘီယာများ တင်သွင်းဖြန့်ဖြူး နေသည်ဟု စက်တင်ဘာ ၁၇ ရက်က သတင်းပေးပို့မှု တစ်ခုရရှိပြီးနောက် Mobile Team အဖွဲ့မှ ၀င်ရောက်ရှာဖွေရန် စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်မှစ၍ ၎င်းစက်ရုံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအဖွဲ့တွင် Mobile Team မှ တာဝန်ရှိသူများ၊ အကောက်အခွန်မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များနှင့် ခရိုင်ရဲတပ်ဖွဲ့အဆင့်နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့မှ စုစုပေါင်း အင်အား ၄၀ ခန့်ဖြင့် ရှာဖွေခဲ့ကြောင်း သိရသည်။

ရှာဖွေရေး အဖွဲ့များမှ စက်တင်ဘာ ၁၈ ရက်တွင် ဂိုဒေါင်တစ်လုံးသာ ရှာဖွေစစ်ဆေးနိုင်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင်မူ ကုမ္ပဏီရှိ ဂိုဒေါင်များအားလုံးကို စစ်ဆေးနိုင်ခဲ့ရာတွင် ခြောက်ခုမြောက် စစ်ဆေးခဲ့သော ဂိုဒေါင်၏ အနောက်ဘက်တွင် အရက်ပုလင်းဟောင်းများကို တွေ့ရှိခဲ့ကြောင်း Mobile Team အဖွဲ့မှ သိရသည်။

ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်း ဟောင်းများအား ခြင်းများနှင့် ဖာတောင့်များအတွင်း ထည့်ထားသည်ကို တွေ့ရှိရပြီး အိန္ဒိယနိုင်ငံထုတ် Tiger တံဆိပ်ပါပုလင်း အလုံး ၆၀၊ ပုလင်းပြား ၃၈၂၉၆ ပြားနှင့် Bonus ၀ီစကီ အမည်ဖြင့် ပုလင်း ၂၀ ကျော်ခန့် ဖြစ်ကြောင်း သိရသည်။

''ဒီအချက်အလက်တွေကို အထက်ကို တင်ပြသွားမယ်။ ပြီးမှဘာဆက် လုပ်သွားမယ်ဆိုတာ သိရှိနိုင်မယ်'' ဟု Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအရက် ပုလင်းများမှာ မိမိတို့ တင်သွင်းခြင်း မဟုတ်ကြောင်း၊ လွန်ခဲ့သော နှစ် ၂၀ ခန့် ကတည်းက အရက်ပုလင်းများအား ကုမ္ပဏီတစ်ခုမှ လာရောက် အပ်နှံထားခြင်း ဖြစ်ကြောင်း GMG ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူထံမှ သိရသည်။

လက်ရှိတွင် GMG ကုမ္ပဏီ၏ ပစ္စည်း အထုတ်၊ အသွင်းအား ကန့်သတ်ထားပြီး Mobile Team၊ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနများနှင့် စုစည်းပြီး လုံခြုံရေးယူ ထားကြောင်း သိရသည်။

Mobile Team ရှာဖွေတွေ့ရှိခဲ့သော အရက်ပုလင်းများအား တွေ့ရစဉ်

From : ..emg

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D