ဘောလုံးလောကတွင်Gayကစားသမားများကိုစိမ်းကားသည့်အမြင်မျိုးကွယ်ပျောက်သွားစေရေးလှုပ်ရှားမှု့တစ်ခု၌ပရီးမီးယားလိဂ်ကစားသမားများပူးပေါင်းပါဝင်ရန်သက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုကတိုက်တွန်းခဲ့သည်။အင်္ဂလန်နှင့်စကော့တလန်ဘောလုံးကလပ်များတွင်ကစားနေသောဘောလုံးသမားများအားယခုအစီအစဉ်၌ပူးပေါင်းပါရန်Gayအခွင့်အရေးလှုပ်ရှားမှုအဖွဲ့Stonewallကပန်ကြားခဲ့သည်။ဘောလုံးလောကတွင်လိင်တူချစ်သူဘောလုံးသမားများအပေါ်ခွဲခြားဆက်ဆံမှုများရှိနေသည်ကိုတိုက်ဖျက်မည့်ယင်းလှုပ်ရှားမှုကိုလောင်းကစားဒိုင်PaddyPowerကအထောက်အပံ့ပေးခဲ့သည်။Gayဘောလုံးသမားများအတွက်ရပ်တည်မှုဟုအမည်ပေးထားသောလှုပ်ရှားမှုတွင်ပါဝင်သောကစားသမားများသည်စက်တင်ဘာ(၂၁)ရက်နေ့နှင့်၂၂ရက်နေ့၌
ကစားသောပွဲစဉ်များတွင်သက်တံရောင်စုံဖိနပ်ကြိုးလေးများအသုံးပြုပါရန်Stonewallကဆော်ဩထားသည်
Stonewall၏ဒုတိယအမှုဆောင်ချုပ်လော်ရာဒေါ့တီက"ဘောလုံးသမားတွေကြားမှာလိင်တူချစ်ခင်သူတွေကို
ခွဲခြားဆက်ဆံမှုအတွက်ကစားသမားတိုင်းအတူတကွရပ်တည်ပြဖို့လိုအပ်လာပါပြီ။ကျွန်မတို့ရဲ့အမျိုးသားရေး
အားကစားမှာ ဒီခွဲခြားမှုဟာ လုံးဝ ပျောက်ကွယ်သွား
သင့်ပြီ ဖြစ်ပါတယ်။
တကယ်လို့ ကစားသမားတွေက သက်တံဖိနပ်ကြိုးလေးတွေ ဝတ်ဆင်မယ်
ဆိုရင် ဒါဟာ Gay ကစားသမားတွေကို ထောက်ခံကြောင်း ပြသမှုပါပဲ"ဟု
ပြောကြားခဲ့သည်။ လိဒ်စ်ယူနိုက်တက်နှင့် အမေရိကန် လက်ရွေးစင်
အသင်း တောင်ပံလူ ရော်ဘီရော့ဂျာသည် ဖေဖော်ဝါရီလက ဘောလုံးလောကမှ
အနားယူခဲ့ပြီး ၎င်းအနေဖြင့် Gayတစ်ဦးဟု
ဝန်ခံလိုက်ချိန်တွင်ဘောလုံးလောက၌ဆက်လက်ရပ်တည်ရန်စိတ်ဓာတ်ရေးရာအရအလွန်ခက်ခဲသွားစေကြောင်း
ပြောဆိုခဲ့ဖူးသည်။
ထို့နောက်ပိုင်းတွင်မူ ရော့ဂျာသည် အနားယူသည့်ဆုံးဖြတ်ချက်ကို ပြင်
ဆင်ကာ လော့စ်အန်ဂျလိစ်
ဂလက်စီနှင့်လက်မှတ်ရေးထိုးခဲ့သည်။Stonewall၏အစီအစဉ်ကိုQPRကွင်းလယ်ကစားသမားဂျိုယေးဘာတန်ကအပြည့်အဝ
ထောက်ခံမှု ပေးထားပြီး ၎င်း၏ ဘောလုံးကန် ဖိနပ်တွင် သက်တံကြိုးလေး စည်းထားသည့်
ဓာတ်ပုံကို Twitterတွင် လွှင့်တင်ပြသ
သွားခဲ့သည်။
Planet Myanmar Network
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...