သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 19, 2013

သံတွဲ ထောင်ရောက် ဆန္ဒဖေါ်ထုတ်သူ (၃) ဦး ဒေသခံများ ၀ိုင်းဝန်း ပံ့ပိုး

(နိရဉ္စရာ- ၁၉ စက်တင်္ဘာ ၂၀၁၃)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒ ဖေါ်ထုတ်ပွဲ ပြုလုပ်သည့်အတွက် ထောင်ချ ခံရ
သူ(၃) ဦးကို သံတွဲ ဒေသခံများက လိုလေသေးမရှိ ကူညီပံ့ပိုးပေးထားကြောင်း သံတွဲလူမူကွန်ယက်မှ ကိုစိန်
ချစ်က ပြောသည်။

“ အခုသံတွဲထောင်မှာပါ။ တောင်ကုတ်ကလူတွေတောင် လာစရာ မလိုပါဘူး။ လိုအပ်တာတွေကို ကျွန်တော်
တို့ သံတွဲ ဒေသခံတွေက လိုလေသေး မရှိ ကူညီ ပံ့ပိုးထားပါတယ်။ တစ်နေ့ကို နှစ်ကြိမ်နုန်းနဲ့ သွားတွေ့ပြီး
အစစအရာရာ ကူညီပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းပြင် သူတို့၏ ကျန်းမာရေးမှာလည်းကောင်းကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ဆောင်ရွက်၍
ထောင်ချခံရခြင်း ဖြစ်သဖြင့် ၀မ်းနည်းစရာလုပ်ရပ်ဟု မမြင်ကြောင်း သူက ဆက်ပြောဆိုသည်။

ထောင်ချခံရသူများမှာ တောင်ကုတ် လူငယ်ကွန်ယက်မှ ကိုစိုးဝင်း၊ ကိုသန်းလွင်စိုးနှင့် ကိုမင်းထွန်း (ကိုသံ
လုံး) တို့ ဖြစ်ကြသည်။ သူတို့အား ယခုလ ၁၃ ရက်နေ့က တောင်ကုတ်မြို့နယ် တရားရုံးက ငြိမ်းချမ်း စီ
တန်းလှည့်လည်မူ ပုဒ်မ ၁၈ နှင့် ထောင် (၃) လ ချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ဒုက္ခသည်များအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေအရ စိစစ်ပြီး လုံးချင်း
အိမ်ယာများ ဆောက်လုပ်ပေးရန် တောင်းဆို ဆန္ဒပြပွဲကို တောင်ကုတ်မြို့တွင် မတ်လ ၂၃ ရက်နေ့က ခွင့်
ပြုချက် မရဘဲ ပြုလုပ်ခဲ့ရာ သူတို့ သုံးဦးအား ဦးဆောင်သူများ ဖြစ်သည်ဟု ဆိုကာ တောင်ကုတ်ရဲက တရား
လို လုပ်ကာ တရားစွဲဆိုခဲ့သည်။

သူတို့ (၃) ဦး ထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး ကိုစိန်ချစ်က သူ့အမြင်ကို ယခုလို ပြောသည်။

“ ကျွန်တော်တို့ ပြောချင်တာက တရားရေး မဏ္ဍိုင်အထက်မှာ အုပ်ချုပ်ရေး မဏ္ဍိုင်များ ရှိနေသလားလို့ သံ
သယ ဖြစ်မိတာပါ။ တရားသူကြီးကို အထက်က ညွှန်ကြားနေတဲ့ သူ တစ်ဦးဦး ရှိတယ်လို့ ကျွန်တော်တို့က
သံသယ ဖြစ်မိပါတယ်။ သူတို့ ထောင်ချခံရတာနဲ့ ပတ်သက်ပြီး ဒီတစ်ခုတော့ ပြောချင်ပါတယ်” ဟု ၎င်းက
ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်သူ ကိုမင်းအောင်က ဆန္ဒဖေါ်ထုတ်ပွဲ လုပ်
ရန် သူတို့အနေဖြင့် တောင်ကုတ်မြို့နယ် ရဲမှူးကြီး၊ သံတွဲခရိုင်ရဲမှူးကြီးထံသို့ အနည်းဆုံး နှစ်ကြိမ်ထက်
မနည်း ခွင့်ပြုချက် တောင်းခံခဲ့သည်ဟု ဆိုသည်။

“ သူတို့က ခွင့်ပြုချက်တင်ပါတယ်။ ခွင့်ပြုချက်ကျမလာဘူး။ ဘာကြောင့် ကျမလာလည်းဆိုတာတော့ မ
ပြောတတ်ဘူး။ ဆန္ဒပြကြတော့ နောက်ဆုံး သူတို့ သုံးဦး တရားစွဲခံရပြီး ထောင်ချခံကြရတာပါ” ဟု ပြော
သည်။

သူတို့အား တောင်ကုတ်မြို့နယ် တရားရုံးမှ ထောင် (၃) လ ချမှတ်ပြီးနောက် လက်ထိပ်ခတ်ကာ ချက်
ချင်း သံတွဲကို ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ အချိန်ထိ ဆန္ဒဖေါ်ထုတ်၍ ထောင်ချခံရသူ (၇) ဦးထိရှိလာပြီး သူတို့မှာ
တောင်ကုတ်မှ (၃) ဦးနှင့် ကျောက်တော်မှ (၄) ဦးတို့ ဖြစ်ကြသည်။ သူတို့ (၇)ဦးသည် လက်ရှိ ဒီမို
ကရေစီ လမ်းကြောင်းသို့ ချီတက်နေသော အစိုးရ လက်ထက်တွင် သူတို့၏ လိုလားချက်များကို
ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်၍ ရခိုင်ပြည်နယ်တွင် ပထမဆုံး ထောင်ချခံရသူများ ဖြစ်ကြသည်ဟု သိ
ရသည်။

နိဉ္စရာ-သတင်းဋ္ဌာန by admin

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D