သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 19, 2013

ဟံသာဝတီ လေဆိပ် စီမံကိန်းကြောင့် အိမ်ခြံမြေ ဈေးတက်

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အနီးမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းနဲ့ စက်မှုဇုန် ဒီစီမံကိန်း
တွေကြောင့် အိမ်ခြံမြေဈေးတွေ တက်နေပါတယ်။
ပဲခူးမြို့ဝန်းကျင်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံ
ကိန်း၊ စက်မှုဇုန်စီမံကိန်းတွေ၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးစီးမံကိန်းနဲ့ အထူးစိုက်ပျိုးမြေစီမံကိန်းတွေ အကောင်
အထည်ဖော်နေတာကြောင့် ခုလိုအိမ်ခြံမြေဈေးတွေ တက်လာတာဖြစ်ပါတယ်။


ပဲခူးမြို့စွန်ဖျားက မြေဈေးတွေဟာ အရင်က ပေ ၈၀x၁၀၀ ခြံမြေတွေကို ကျပ်ငွေ နှစ်သိန်း သုံးသိန်း
လောက်သာရှိခဲ့ရာက စီမံကိန်းတွေကြောင့် တဖြည်းဖြည်း တက်လာရာက အခုဆိုရင်ပေ ၁၀၀ ၀န်း
ကျင်ကို ကျပ်သိန်း ၁၀၀၀ ကျော်အထိ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ အိမ်ခြံမြေအ
ကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

လေဆိပ်စီမံကိန်းပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပဲခူးမြို့ခံတဦးဖြစ်တဲ့ ကိုကျော်သူမင်းကတော့ လက်ရှိ ပဲခူး
အိမ်ခြံမြေဈေးဟာ ဒီနှစ်မှာ ၁ ဆခွဲလောက်ထပ်တက်ပြီး အ၀ယ်လိုက်ရင် ဆက်တက်သွားဖွယ်ရှိတယ်လို့
ပြောပါတယ်။

လေဆိပ်သွားရာလမ်း၊ မြို့ရှောင်လမ်း၊ ဆည်မြောင်းလမ်း၊ ပဲခူး-မန္တလေးလမ်းနဲ့ ပဲခူးမြို့အဝင် စီမံကိန်းဘက်
မြေကွက်တွေဟာ ဈေးနှုန်း အတက်ဘက်ကိုဦးတည်နေတဲ့ နေရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပဲခူးမြို့ရဲ့ အိမ်ခြံမြေဈေးတွေကို စိတ်ဝင်စားပြီး တချို့ဝယ်
ရောင်းသမားတွေက ဈေးကစားနေတဲ့အတွက် စောင့်ကြည့်ရမယ့် အခြေအနေဖြစ်တယ်လို့ ရန်ကုန် အိမ်
ခြံမြေဈေးကွက်မှ ပြည်တော်သစ်အိမ်ခြံမြေအကျိုးဆောင် ဦးကောင်းခန့်က ပြေပါပါတယ်။

နိုင်ငံတကာ ၀င်ပေါက်သစ်တခုဖြစ်လာမယ့် ပဲခူးမြို့ရဲ့ ဟံဟာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကို
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက တည်ဆောက်ဖို့ လျာထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လဆန်းပိုင်းကမှ တောင်ကိုရီးယား အင်ချွန် (Incheon ) ကုမ္ပဏီ အုပ်စုကို အမေရိကန်
ဒေါ်လာ ၁ဒသမ၁ဘီလျံတန်ဖိုးရှိတဲ့ လေဆိပ် စီမံကိန်းအကောင် အထည်ဖော်ဖို့ တင်ဒါချပေးခဲ့တာဖြစ်ပြီး
လာမယ့် ၂၀၁၇ မှာစီမံကိန်းကို အပြီးဆောက်လုပ်နိုင်ဖို့ မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။


 by မျိုးဇော်လင်း (ဒီဗွီဘီ)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D