သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 18, 2013

တောင်သမန်အင်း ရေပြည့်နေပြီ ဦးပိန်တံတား ကြမ်းပြင်နှင့် ထိလုနီးပါး ဖြစ်နေ

ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေ လျှံမှုကြောင့် အမရပူရမြို့နယ် အတွင်းရှိ တောင်သမန် အင်းရေပြည့်
နေပြီး ကမ္ဘာကျော် ဦးပိန်တံတားကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေသည်ကို စက်တင်ဘာ ၁၆ ရက်ကတွေ့
ရသည်။

၁ ဒသမ ၂ မီတာရှည် လျားသော ဦးပိန်တံတား သည် တောင်သမန်အင်း ရေပြည့်နေသဖြင့် တံတား၏
အနောက်ဘက်ထိပ်တွင် တံတားကြမ်းပြင်နှင့် ရေထိရန်သုံးပေခန့်ရှိနေပြီး တံတား၏အလယ်တွင် ကြမ်း
ပြင်နှင့်ရေထိရန် တစ်ပေခန့် သာလိုတော့ သည်။

ဦးပိန် တံတားသို့သွားရာ ကန်ပတ်လမ်းမှာလည်း ရေကျော်နေပြီး အန္တရာယ်မဖြစ်ရန်အတွက် သွားလာ
ခြင်း မပြုရန် တားမြစ် ထားသည်။ ထိုသို့ ကြမ်းပြင်နှင့်ရေထိ လုနီးပါးဖြစ်နေသည့် ဦးပိန်တံတားသို့ တ
ကူးတက လာရောက်လည်ပတ် လေ့လာသူများ များပြားနေပြီး ခရီးသွားဧည့်သည်များ အန္တရာယ်မဖြစ်
စေရေးအတွက် Tourist Police များ၊ ကြက်ခြေနီ များနှင့် တာဝန်ရှိသူများက ဦးပိန်တံတားတွင် အချိန်
ပြည့်စောင့်ကြည့်လျက်ရှိသည်။

ဦးပိန်တံတားတွင် တည်ခင်းရောင်းချနေသော ဆိုင်အချို့မှာ ရေနစ် မြုပ်လျက်ရှိရာ ဆိုင်ပိတ်ထားရပြီး
ကားလမ်းဘေးရှိ ရေလွတ်သောဆိုင်များသာ ဖွင့်လှစ်ရောင်းချနေရသည်။ ဦးပိန်တံတားအရှေ့ဘက်ရှိ
ရတနာပုံ တက္ကသိုလ်နှင့် ထန်းတော ရွာအပါအဝင် အနီးရှိကျေးရွာများမှာ ရေနစ်မြုပ်လျက်ရှိပြီး အ
နောက်ဘက်ခြမ်းရှိ ရွှေကွမ်းထုတ်ရပ်ကွက်၊ တရုတ်တန်းလေးရပ်ကွက်၊ တရုတ်တန်းကြီးရပ်ကွက်တို့
တွင်လည်း ရေနစ်မြုပ်နေရာ အိမ်ထောင်စုထောင်ပေါင်းများစွာ ရေဘေးသင့်နေကြရကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D