လွန်ခဲ့တဲ့ရက်ပိုင်းကတော်တော်လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အမေရိကန်ဒေါ်လာ၁၁ဘီလျံနဲ့နိုင်ငံခြားဘဏ်တွေမှာအမည်မသိဘဏ်အကောင့်၅ခုဆိုတဲ့သတင်းရဲ့နောက်ဆက်တွဲအဖြစ်စက်တင်ဘာလ၂၀ရက်နေ့ကနေပြည်တော်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာအစိုးရက၇ဘီလျံရှိတယ်ဆိုတာဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော်မောင်က
ဝန်ခံ ပြောကြားလိုက်ပါတယ်။
“ကျနော်တို့မှာ တရားဝင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံပဲ ရှိပါတယ်။ ၁၁
ဘီလျံရှိတယ် ဆိုပြီး
ပြောနေတာက ကျနော်တို့ လည်း မသိပါဘူး။ ကျနော်တို့ရဲ့ Foreign Exchange
Reserve ပါ။ နိုင်ငံတော်
ငွေ လည်း ပါပါ တယ်။ ပုဂ္ဂလိက ငွေလည်း ပါပါတယ်။ နိုင်ငံတကာဘဏ် တွေလည်း
ထားပါတယ်။ သုံးစရာ ရှိရင် အဲဒီက ယူသုံးတယ်" လို့ သူက ပြောကြားပါတယ်။
အဲဒီ သတင်းစာ ရှင်းလင်းပွဲ ကိစ္စ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက အခုလို
တင်ပြသွားပါတယ်။
အစိုးရ ၀န်ကြီးများရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်သူတွေ ဘာတွေ
ရှင်းလင်းပြသလဲ ဆိုတာ ဝေဖန် သုံးသပ်နိုင်ဖို့ ဖော်ပြပေးလိုက်တာပါ။
မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ သတင်းထောက်တွေနဲ့ မေးမြန်းမှု၊ သက်ဆိုင်ရာ
ဝန်ကြီးများရဲ့ ဖြေကြား မှု တွေတော့ မပါဝင်တာ တွေ့ရပါတယ်။
The Irrawaddy


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...