စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့
ကချင်လူမျိုးတွေကို ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် အကူအညီ မပေးနိုင်ခဲ့ဘူး လို့ ကချင်အဖွဲ့အစည်း
(စင်ကာပူ)က မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပါတယ်။ဒါကြောင့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူလာပြီး မြန်မာပြည်သားတို့နဲ့ တွေ့တဲ့အခမ်းအနားမှာ သူတို့အဖွဲ့ "ပါဝင်တက်ရောက်မည် မဟုတ်ကြောင်း" ကြေညာချက်မှာ ရေးထားပါတယ်။
တက်ရောက်တဲ့ ကချင်လူမျိုးတွေက အဖွဲ့ကို ကိုယ်စားပြုတက်ရောက်ခြင်း မဟုတ်ဘူးလို့ ကြေညာချက်မှာ ဆက်ရေးထားပါတယ်။
အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
ပြည်ပခရီးစဉ်အများအပြားထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူခရီးစဉ်ကျမှပဲ ဒီလို ကြေညာချက်ထုတ် ကန့်ကွက်ခံရမှုနဲ့ ကြုံရတာလို့ ယူဆရပါတယ်။
အထက်မှာ တွေ့ရတာကတော့ ကချင်ပြည်နယ် လိုင်ဇာမြို့ရောက် စစ်ပြေးဒုက္ခသည်တချို့ရဲ့ပုံ ဖြစ်ပါတယ်။

From : .. irrawaddy


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...