သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 12, 2013

ဒိုင်းမွန်းရွှေကြည်နှင့် ဦးဝီရသူ တွေ့ဆုံခြင်း

မေး= ပြီးခဲ့တဲ့ ဇူလိုင် (၂၀) ရက်မှာ ဦးက ဦးဆောင်ပြီး ဆရာတော် ဝီရသူနဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့တယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အခိုလို ငြိမ်းချမ်းရေးတည်ဆောက်နေရတဲ့ အဓိကရည်ရွယ်ချက်က ဘာများလည်း မသိဘူးခင်ဗျာ။
ဖြေ= ကိုယ့်ညီမေးတဲ့မေးခွန်းက နည်းနည်းတော့ ဆန်းသလိုပဲ ရည်ရွယ်ချက်က တိုင်းပြည်ကောင်းဖို့ နိုင်ငံတကာမှာ ငြိမ်းချမ်းဖို့ဆိုတာ အဓိကလိုအပ်ချက်ပါပဲ။ ငြိမ်းချမ်းမှ လူတွေ တိုးတက်မှာပါ။ မငြိမ်းချမ်းရင် ဘယ်သူမှ မတိုးတက်နိုင်ပါဘူး။ ဆရာတော်နဲ့ တွေ့ဆုံတယ်ဆိုတာ ဒါဒုတိယအကြိမ်ပါ။ 6.5.2013 က ပထမအကြိမ်တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပြီးပါပြီ။ ဒါကို ဂျာနယ်အများစုက မဖော်ပြခဲ့ကြပါဘူး။ ဒီလိုဆွေးနွေးပြီးတဲ့နောက် လာရှိုးမှာ အခိုက်အတန့်ဖြစ်ခဲ့ပြီး။ နေရာတော်တော်များများ မဖြစ်တော့ပါဘူး။
မေး= ဆရာတော် ဦးဝီရသူနဲ့ ဦးတို့ ငြိမ်းချမ်းရေးဆွေးနွေးပြီး လုပ်ဆောင်နေကြတဲ့အပေါ်မှာ တိုက်ခိုက်ခံနေရတယ်လို့ ကျွန်တော်တို့ ကြားရပါတယ်။ အဲဒီအပေါ်မှာရော ဦး ဘယ်လိုသုံးသပ်မိသလဲ မသိဘူး။
ဖြေ= တိုက်ခိုက်နေကြတာတော့ ဖေ့ဘွတ်ပေါ်မှာ ပိုများပါတယ်။ တိုက်ခိုကနေတဲ့သူတွေကလည်း ငြိမ်းချမ်းရေးကို မလိုလားသူတွေ မငြိမ်းချမ်းမှုအပေါ်မှာ ကိုယ်ကျိုးရှာ စားချင်သူတွေသာ ဖြစ်မှာပါ။ တကယ်တမ်း ဦးကို မကျေနပ်ကြဘူးဆိုရင် ဦးဖုန်းနံပါတ်တွေကော ဦးနေရာတွေရော ပေးထားတာပဲ။ လာကြပေါ့။ စားပွဲဝိုင်းမှာ လာပြောကြပေါ့။
မေး= အခုလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူရော ဦးရောက လုပ်ဆောင်နေမှုအပေါ် ဦးတို့ အစ္စလာမ်ဘာသာဝင်အချို့နဲ့ ဗုဒ္ဓဘာသာဝင်အချို့တို့က ဖျက်လိုဖျက်ဆီး လုပ်ချင်နေကြတာဟာ ဘာကြောင့်လို့ ဦးထင်ပါသလဲ။
ဖြေ= မြန်မာနိုင်ငံမှာ လူဦးရေးက သန်း (၆၀) တောင်ရှိတယ်။ အဲဒီ သန်း (၆၀) ကို ငြိမ်းချမ်းရေးလိုလားသလား မေးရင် လိုလားပါတယ်လို့ပဲ ဖြေမှာပါ။ ဒါပေမယ့် သိုးမည်းဆိုတာက ရှိနေတာပဲလေ။ အခု သမ္မတကြီးက တက်နိုင်သလောက် ကောင်းအောင်လုပ်ပေးနေတာပဲ မကောင်းပြောတာမှ မဟုတ်တာ တစ်ခါတစ်ခါမှာ အသီးအပွင့်စားရတဲ့သူတောင်မှ ကျေးဇူးကန်းတတ်တာပဲ။ ထမင်းကို အေးအေးစားနေရတဲ့သူတွေနဲ့ စီးပွားရေးအတ္တဆန်တဲ့ ခရိုနီကြီးတွေကတော့ ဦးတို့ကို မုန်းမှာပါပဲ။
မေး= သြဂုတ်(၁) ရက်က ထွက်သွားတဲ့ မွန်းတည့်နေဂျာနယ်မှာ ဆရာတော်ဦးဝီရသူနဲ့ တွေ့ဆုံမေးမြန်းခန်းလေး ပါပါတယ်။ အဲဒီမှာ ဆရာတော် မိန့်သွားတာက ငြိမ်းချမ်းရေးကွန်ယက် ကျယ်ပြန့်လာချိန်မှာ ဦးဒိုင်းမွန်းရွှေကြည်က နံပါတ် (၁) ဆရာတော်က နံပါတ် (၂) ဦးကိုသတ်ပြီးမှ ဆရာတော်ကိုသတ်မှာဆိုတဲ့ ကြိမ်းဝါးသံတွေနဲ့ ပတ်သက်ပြီးတော့ရော ဦးဘယ်လိုမြင်မိလဲ။
ဖြေ= တို့တိုင်းပြည်က အဲဒီလောက်တောင် မင်းမဲ့စရိုက်ဆန်နေပြီလား။ ဦးက မြန်မာနိုင်ငံသားပါ။ နိုင်ငံသားတစ်ယောက်ကို အကာအကွယ်ပေးရမှာ အစိုးရရဲ့ တာဝန်ပါ။ ဘယ်သူတွေက ခြိမ်းခြောက်နေတယ်ဆိုတာကို ဆရာတော်ကိုယ်တိုင်လည်း သိပါတယ်။ နောက်ပြီး ဦးတို့ငြိမ်းချမ်းရေးပွဲတွေလုပ်တိုင်း မီဒီယာတွေကို ဖိတ်ပါတယ်။ တက်သူတွေရှိသလို မတက်သူတွေ ရှိပါတယ်။ တက်သူတွေကလည်း သိပ်မဖော်ပြကြပါဘူး။ ပြီးတော့ ဆရာတော်သဘောအတိုင်းပါပဲ။ ဦးတို့ကတော့ ငြိမ်းချမ်းရေးကို အားမလျော့ ဆက်လက်လုပ်ဆောင်သွားမှာပါ လူတစ်ယောက်ကို ခြိမ်းခြောက်ပြီး သတ်တယ်ဆိုတာ ကုလားကားထဲက အကြမ်းဖက်သမားတွေပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာ မရှိပါဘူး။ တကယ်လို့ ဒိုင်းမွန်းရွှေကြည်ကို သတ်ချင်တယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြပြီး သတ်ပါ။ အခု ဆရာတော်ကြီးတွေနဲ့ ဒိုင်းမွန်းရွှေကြည် လက်တွဲပြီး လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေးအတွက်ပါပဲ။
မေး= ဆရာတော်နဲ့ ဦးတို့ရဲ့ ငြိမ်းချမ်းရေးကို အပျက်မခံနိုင်ဘူးဆိုတဲ့ သဘောအရ ဦးတို့ လုပ်ဆောင်နေကြပေမယ့် ကောလာဟလတွေ မလိုလားအပ်တဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာဟာ ပဋိပက္ခကို တစ်ဖန်ပြန်ပြီးတော့များ ဖြစ်ချင်လို့များလား။ ဦးဘယ်လိုမြင်ပါသလဲ။
ဖြေ= ဦးရဲ့ ငြိမ်းချမ်းရေးနဲ့ သံတမံ ကွန်ယက်မှာ အစိုးရ အရာရှိပိုင်းက လူတွေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆရာတော် ဦးပါမောက္ခတို့၊ ဦးကေသရတို့လည်း ပါပါတယ်။ ဆရာတော် အားလုံးကလည်း ပဋိပက္ခဖြစ်ရင် ဖြစ်တဲ့နေရာမှာ ဥပဒေအရ ကိုင်တွယ်ဖြေရှင်းဖို့ ညွှန်ကြားထားပါတယ်။
မေး= အခု နောက်ဆုံးအနေနဲ့ပေါ့နော် အခုလို ငြိမ်းချမ်းရေး တည်ဆောက်နေမှုတွေမှာ ဦးထက်ချမ်းသာတဲ့ သူဌေးကြီးတွေက ဘာကြောင့် ဝင်ပါမလာတာလဲလို့ ဦးမြင်ပါသလဲ။
ဖြေ= ဒါကတော့ သူတို့အပိုင်းပေါ့လေ။ ကိုယ်ကတော့ ဆင်းရဲသားဘဝကလာတော့ ဆင်းရဲသားတွေကို ကိုယ်ချင်းစာတယ်။ ဒါကြောင့်ဘဲ ငြိမ်းချမ်းရေးကို လုပ်နေတာပါ။
မေးသူ=ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်….ဦး။

အတွဲ (၃) အမှတ် (၂၂) 12-8-2013 ရက်နေ့ထုတ် Express Times သတင်းဂျာနယ် စာမျက်နှာ (၃၁) မှ သန်းဝေစိုး၏ မေးမြန်းချက်ကို ကူးယူဖော်ပြသည်။


From:Wira thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D