သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 7, 2013

ရခိုင်ရှိ ဝေးလံခေါင်းပါး မြို့နယ် လေးခုမှ ဝန်ထမ်းများကို လစာ နှစ်ဆပေးရန် တောင်းဆိုမည်

ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါး (လူမှုရေး ခက်ခဲ) သည့် မြို့နယ် လေးခုတွင် တာဝန် ထမ်းဆောင်နေသည့် နိုင်ငံ့ ဝန်ထမ်းများကို လစာ နှစ်ဆ တိုးမြှင့်ပေးရန် ပြည်ထောင်စု အစိုးရကို တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ကားလမ်းများ မရှိဘဲ ရေလမ်းများကိုသာ အဓိက အားထားရပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောမြို့နယ်တို့ရှိ နိုင်ငံ့ ဝန်ထမ်းများကို လစာ နှစ်ဆ တိုးမြှင့်ရန် တောင်းဆိုရန် စီစဉ်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။

“ဒီမြို့ လေးမြို့က သွားရေး လာရေး ခက်ခဲတယ်။ ပြည်မက ဝန်ထမ်းတွေ လည်း ဒီဒေသတွေမှာ တာဝန် ထမ်းရတာ အခက်အခဲ ဖြစ်ကြောင်း ပြောဆို ထားကြတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လူမှုရေး ခက်ခဲသည့် ဒေသဟု သတ်မှတ်ထားသည့် မာန်အောင်၊ မောင်တော၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲတို့ရှိ ဝန်ထမ်းများမှာ လစာ နှစ်ဆ ရရှိနေကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်ရှိ အဆိုပါမြို့နယ် လေး မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ရခိုင်နှင့် ဘင်္ဂါလီများ နေထိုင်သည့် နေရာ ဖြစ်သဖြင့် အချို့နေရာများတွင် လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ဒေသခံများ ကို မေးမြန်းချက်အရ သိရှိရသည်။


From : . .the voice.

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D