ဒေါ်ချိုချိုကျော်ငြိမ်း။
။စစ်ထောက်လှမ်းရေး ဆိုပီးသတ်ခံရတဲ့ကျောင်းသား တပ်မတော် ကမောင်မောင်ကြွယ်က
ငါ့မွေးစားသား ဒီကိစ္စ မင်းတာဝန်ယူရမယ်.... မင်းမှာကလေးရှိလား
ဆိုတော့မရှိဘူး.... မင်းတနေ့ဝဋ်လည်မယ်...
တရားခံ ၈၈ ကျောင်းသား နိုင်အောင်။ ။ အန်... အဲဒါ... ဒါက ဒီလိုရှိပါတယ်... ကျွန်တော်တို့ကျောင်းသားတွေက ခုနကပြောသလို... အစိုးရမကောင်းတော့ အခြေအနေရ သတ်ရတာပါ..
ကျောင်းသား တပ်မတော် ဥက္ကဌဟောင်း
ဒေါက်တာနိုင်အောင်ကို ဒေါ်ချိုချိုကျော်ငြိမ်းက
သူမ၏မွေးစားသား အ.က.သ က ကိုမောင်မောင်ကြွယ် ကို ၈၈ မျိုးဆက်
ကျောင်းသားများက
ကျာင်းသားအချင်းချင်းသတ်ဖြတ်ခဲ့တာနဲ့ပတ်သပ်လို့ပြောဆိုနေတာဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံ တွင် ပါဝင်ခဲ့သူ ဒေါက်တာနိုင်အောင်ဟာ ကျောင်းသား တပ်မတော် မြောက်ပိုင်း ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ခေါင်းဖြတ် သတ်ခံရမှု အတွက် ကိုထွန်းအောင်ကျော်ရဲ့မိခင်က လူသတ်မှုဖွင့် ထားတာကိုခံထားရသူ ဖြစ်ပြီး အလားတူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မိုးသီးဇွန် မှာလည်း လူသတ်မှုဖြင့် အမှုဖွင့် ခံထားရသူဖြစ်ပါတယ်။ ယခု ကျင်းပတဲ့ ရှစ်လေးလုံး ငွေရတု ပွဲကြီးမှာ ကျောင်းသားအချင်းချင်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရသူ အဆိုပါ နှစ်ဦးက အသတ်ခံရသူ ကျောင်းသားများရဲ့ မျက်နှာကို မထောက်ပဲ မျက်နှာပြောင်တိုက်ကာ မိန့်ခွန်းတွေ တက်ပြောပြီး အခြား ကျောင်းသားဆိုသူများ ကလည်း သေဆုံးသူ ကျောင်းသား တပ်မတော်သားများ အတွက် တခွန်းမှ မပြောခဲ့ကြပေ။

.. www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...