သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 7, 2013

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသားပျက်စီးနိုင်

is
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများပါဝင်သော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။
ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဓာတုဗေဒပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက်လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။
 ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီးရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က ပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အစားအသောက်ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းဆံပင်ဆေးဆိုးခြင်းသည်လည်းသန္ဓေသားကို အန္တရာယ်ဖြစ်စေသည့်အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။
ဆံပင်ဆိုးဆေးတိုင်းတွင် ဓာတုပစ္စည်းများပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန်ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျစမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါဓာတုပစ္စည်းများသည်လူ၏အရေပြားမှတစ်ဆင့် သွေးကြောအတွင်းသို့စိမ့်ဝင်လာသည့်အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုးသမီးတွေက သိပ်သတိမထားကြဘူး အရမ်းဆိုးချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝမဆိုးမိပါစေနဲ့  ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ်ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာက ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်းဆုံးပါပဲ ဟု ဒေါက်တာသန်းထိုက်ကဆက်ပြောသည်။
ကိုယ်ဝန်(၃)လအရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိကအင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။
အစားအသောက်ကို ဆင်ခြင်စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင်ထားဘူး။ ဆံပင်ဆိုးတာက ကလေးကိုထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကိုသတိထားမိမှာ မဟုတ်ဘူးသိထားရင် ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

From : ..myit ma kha
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D