သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 12, 2013

ရွှေတိဂုံစေတီတော် ၀က်ဘ်ဆိုဒ်အသစ် လွှင့်တင်

ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှု အများဆုံးဖြစ်သော ရွှေတိဂုံစေတီတော်နှင့် ပတ်သက်သော အကြောင်းအရာ များကို ကြည့်ရှုနိုင်သည့်ဝက်ဘ်ဆိုဒ်ကို သြဂုတ်လ ဒုတိယအပတ်မှ စတင်လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း ရွှေတိဂုံဘုရားရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

အဆိုပါဝက်ဘ်ဆိုဒ်ကို အင်္ဂလိပ်ဘာသာဖြင့် အဓိကလွှင့်တင်ထားခြင်းဖြစ်ပြီး ယင်းဝက်ဘ်ဆိုဒ်တွင် ကဏ္ဍ ရှစ်ခု ပါဝင်မည်ဖြစ်သည်။ အဆိုပါကဏ္ဍရှစ်ခုမှာ ရွှေတိဂုံဘုရားအကြောင်း၊ ဘုရားသမိုင်း၊ သတင်း၊ ကြေညာ ချက်၊ ဗိသုကာ၊ ဓာတ်ပုံ၊ ဘုရားပွဲတော်များအကြောင်းတို့ ဖြစ်ပြီးဆက်သွယ်ရန်လိပ်စာ များလည်း ပါဝင် မည်ဖြစ်ကာ ယင်းဝက်ဘ်ဆိုဒ်ကို လွှင့်တင်ရန် စီစဉ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါဝက်က်ဆိုဒ်တွင် ရွှေတိဂုံဘုရား နှင့်ပတ်သက်သည့် သတင်းအချက်အလက်များနှင့် သိသင့်သိထိုက် သည်များ ကိုလည်း ဖော်ပြသွားပေးမည်ဖြစ်ကာ ရွှေတိဂုံဂေါပကအဖွဲ့၏ လုပ်ဆောင်ချက်များကို ပါ ဖော်ပြ သွားမည် ဖြစ်သည်။

ရွှေတိဂုံဘုရားဝက်ဘ်ဆိုဒ်လိပ်စာမှာ
www.shwedagonpagoda.com ဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်တစ်ခုကို ဖွင့်လှစ်ထားသည်ဟုလည်း ရုံးအဖွဲ့မှူးထံမှ သိရသည်။

ရွှေတိဂုံဘုရားတွင် လာမည့်အောက်တိုဘာ ၁ ရက်မှစတင်ကာ နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ဇုန် ၀င်ကြေး အမေရိကန် ဒေါ်လာငါးဒေါ်လာမှ ရှစ်ဒေါ်လာသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး အင်္ဂလိပ်ဘာ သာဖြင့် ထုတ်ဝေထားသော ရွှေတိဂုံမြေပုံလက်ကမ်း စာစောင်များကိုလည်း အခမဲ့ဝေငှပေးသွားမည်ဖြစ် သည်ဟုလည်း သိရသည်။

ရွှေတိဂုံဘုရားသို့ ၀င်ရောက်သော နိုင်ငံခြားသားခရီးသွားဧည့်သည် အရေအတွက်မှာ ဇူလိုင်လတွင် ၂၄၄၆၂ ဦးရှိပြီး တစ်ရက်လျှင် ပျမ်းမျှလာရောက်သူဦးရေ ၇၈၉ ဦးရှိသည်။ သြဂုတ် ၁ရက်မှ ၇ရက်အထိ ၅၇၁၄ဦး ၀င်ရောက်ပြီး သြဂုတ်လအတွက် တစ်ရက်လျှင် ပျမ်းမျှဝင်ရောက်သူဦးရေမှာ ၈၁၆ဦးရှိသည်။ လာရောက်ရာတွင် ထိုင်းနိုင်ငံမှ လာရောက်သူ အများဆုံးဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ဒုတိယ အများဆုံး ဖြစ်သည်။

FROM-Mizzima News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D