သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 13, 2013

ဌာနဆိုင်ရာ ဝန်ထမ်းများကို နိုင်ငံတော်မှ နှစ်ရှည်ချေးငွေ ပေးဦးမည်ဟု သိရ

 ဌာနဆိုင်ရာ ဝန်ထမ်းများအား ၎င်းတို့ရသည့် လစာ၏ ဆယ်ဆကို နှစ်ရှည်
ပေးသွင်းစနစ်ဖြင့် အစိုးရမှ ငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ ဦးစီးမှူးတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြားသည်ဟု သိရသည်။

“ဝန်ထမ်းတစ်ယောက်က လစာတစ်သိန်းရတယ်ဆိုရင် ဆယ်သိန်းအထိ
ချေးမယ်။ ပြီးမှ လစာထဲက အရစ်ကျ ဖြတ်သွားမယ်”ဟု ၎င်းက ပြော
သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ထုတ်ချေးနိုင်ရန်အတွက် ယခင်အစိုးရ
လက်ထက်က ချေးငှားဖူးသည် ဝန်ထမ်းများ၏ စာရင်းများကို ကောက်ယူ
လျက်ရှိပြီး ယခင်အကြွေးများ အားလုံး ပြန်ရပြီးပါက လစာ၏ ၁၀ဆကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။


“တကယ်သာ ထုတ်ချေးမယ်ဆိုရင်တော့ ဝန်ထမ်းတွေအတွက် ဝမ်းသာ
စရာပေါ့”ဟု မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုမှ အကြီးတန်း ဘဏ်စာရေး
တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ထုတ်ချေးရာ၌ ဝန်ထမ်းများ၏ လုပ်သက်
များ၊ ပင်စင်ယူမည့် အချိန်နှင့် ၎င်းတို့၏ အသက်များကို တွက်ချက်ကာ
ပြန်ဆပ်ရမည့် လစဉ်ငွေပမာဏကို တွက်ချက်မည် ဖြစ်ကြောင်း သိရသည်။

အကယ်၍ သတင်းသာ အတည်ဖြစ်ပါက ဌာနဆိုင်ရာ ဝန်ထမ်းများ ဝမ်းသာ
စရာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများကို လစာများ တိုးပေးမည် ဟုလည်း ကောလာဟလ ထွက်နေသည်။

ယခုကဲ့သို့ နှစ်ရှည်ချေးငွေ ချေးပေးမည်ဆိုလျှင်လည်း မဆိုးပါ။ လစာ၏ ဆယ်ဆဆိုသဖြင့် ယခင်ကြွေးကျန် ရှိသူများလည်း ဖြစ်သည့်နည်းနှင့်
ပြန်ဆပ်ကြရလိမ့်မည်။ ကြွေးများ ကျေမှ ချေးငွေကို ရကြရမှာ ဖြစ်
ပါသည်။ ငွေချေးပြီးလျှင်တော့ ဘာလုပ်ကြမည်နည်း။

Myanmar ICT

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D