သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 5, 2013

ရှစ်လေးလုံးမတိုင်မှီနိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် သံဃာတစ်ပါးရက်အကန့်မရှိအစာငတ်ခံဆန္ဒပြ

A-21 copy
သြဂုတ်လ(၈)ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံး အရေးတော်ပုံမတိုင်မီနိုင်ငံတော် အတွင်းဖမ်းဆီးထားသော လက် ကျန်နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိပြန်လွှတ် ပေးရန် ရန်အောင်မြေကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တရက္ခ၀ံသ မှရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ တွင် ရက်အကန့်အသတ်မရှိ ဆန္ဒပြခြင်းကို သြဂုတ်လ(၃)ရက် နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်ခန့် ကစတင် ဆန္ဒပြတောင်းဆိုခဲ့ သည်။

သက်ဆိုင်ရာသို့ခွင့်ပြုမိန့် မတင်ဘဲ ဆန္ဒပြရခြင်းမှာ ဆရာ တော်အနေဖြင့် စီတန်းလှည့် လည်ခြင်းမဟုတ်သည့်အတွက် ခွင့်ပြုမိန့်မတင်ခြင်းဖြစ်ကြောင်း၊ ရှစ်လေးလုံးငွေရတုအခမ်းအနား တွင် အကျဉ်းထောင်ထဲရှိနိုင်ငံ ရေးသမားများကို မျက်နှာစုံလင် စွာ တွေ့ရှိလိုခြင်းနှင့်နိုင်ငံတော် ကို ပါတီစုံဖြင့်တည်ဆောက်မည် ဆိုပါက လက်ကျန်နိုင်ငံရေး အကျဉ်းသားများကို သဘော ထားကြီးစွာ ဖြင့်လွှတ်ပေးမှသာ အစိုးရအပေါ်အမြင်ရှင်းမည်ဖြစ် ကြောင်း ဟူသော တောင်းဆို ချက်များဖြင့် တစ်ကိုယ်တော် အစာငတ်ခံဆန္ဒပြရခြင်းဖြစ် ကြောင်းသိရသည်။
““ရှစ်လေးလုံးငွေရတုနေ့ မတိုင်မီအစိုးရအနေနဲ့ ကျန်ရှိနေ တဲ့နိုင်ငံရေးအကျဉ်းသားအားလုံး ကို လွှတ်ပေးဖို့တောင်းဆိုပါ တယ်။ဦးဇင်းကတော့ အကျဉ်း သားအားလုံးခြွင်းချက်မရှိမလွှတ် မချင်းလုပ်သွားမှာပါ။(၈)ရက်နေ့ ကျော်လို့လည်း ထူးခြားမှုမရှိဘူး ဆိုရင် ဦးဇင်းကနောက်ဆုံးသေ တဲ့အထိ တောင်းဆိုသွားမှာပါ”” ဟုဆရာတော် ဘဒ္ဒန္တရက္ခ၀ံသက မိန့်ကြားခဲ့သည်။
တိုင်းသံဃာနာယက ဒုတိယဥက္ကဋ္ဌအနေဖြင့်ဆန္ဒပြ ဆရာတော်ကို(၁၂)နာရီ(၁၅) မိနစ်ခန့်တွင် သိမ်တော်ကြီး ကျောင်းသို့ ခေါ်ယူကာလုပ်ပိုင် ခွင့်ရှိသော်လည်း သံဃာ့ဝတ် နည်းနှင့်မညီသည့်အတွက် မလုပ် ရန်ဆုံးမခဲ့သော်လည်း ဆရာ တော်ဘဒ္ဒန္တရက္ခ၀ံသက(၁)နာရီ ခန့်စဉ်းစားချိန်ပေးရန်တောင်းဆို ခဲ့ကြောင်း၊(၁)နာရီခန့် စဉ်းစားပြီး နောက်ဆက်လက် ဆန္ဒပြခဲ့ ကြောင်း ဆရာတော်နှင့် ပူးပေါင်း  ပါဝင်သူ (၄) ဦးအား ကျောက်တံ တားမြို့မရဲစခန်း (ပ) ၂၇၇/၂၀၁၃၊   ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ (၁၈) ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ညီညီအောင်
hot news

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D