သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 5, 2013

ရန်ကုန်မြို့ နယ်မြေမှတန်ဘိုးကြီးအကောင်းစားဖုန်းခါးပိုက်နိုက်ဖမ်းဆီမိခြင်း


ယာဉ်လိုင်းများပေါ်တွင် စီးနင်းလိုက်ပါ နှိုက်ယူလေ့ရှိသူခါးပိုက်နှိုက်အား ဖမ်းဆီးရမိစစ်ဆေးရာမှ ခါးပိုက်နှိုက်မှုဟောင်းများ ဖေါ်ထုတ်နိုင်
 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊
လုံခြုံရေးတပ်ခွဲ(၂) မှတပ်ဖွဲ့ဝင်များသည် ၃၁.၇.၂၀၁၃ရက်နေ့တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် အမှတ်(၄၅)ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာစဉ် 

လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်အရောက် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ရှိုင်းထက်အောင်(ခ)နှစ်တောင် (ဘ)ဦးသက်အောင်၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူမှ ယာဉ်ပေါ်ပါခရီးသည် မိန်းကလေးတစ်ဦး၏ကျောပိုးအိတ်အတွင်းမှ
လက်ကိုင်ဖုန်းအား ၎င်း၏ ကျောပိုးအိတ်ဖြင့် အကာအကွယ်ပြုကာ
နှိုက်ယူပြီး ဘောင်းဘီအိတ်အတွင်းထည့်နေစဉ် ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၃၂၄/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)ဖြင့် အရေးယူ
ဆောင်ရွက်ခဲ့ပြီး အခြားခါးပိုက်နှိုက်မှုများအား စစ်ဆေးဖေါ်ထုတ်
ခဲ့ပါသည်။

၎င်းအားစစ်ဆေးခဲ့ရာ ၂၀၁၃ခုနှစ် ဇွန်လအတွင်းက အမှတ်(၁၈၈)လိုင်းယာဉ်ပေါ်တွင် စံရိပ်ငြိမ် မှတ်တိုင်၌ဆင်းသွားသော အမျိုးသမီးတစ်ဦးထံမှ Samsung GTS 5360 အမျိုးအစား ဖုန်း(၁)လုံး အားလည်းကောင်း၊ အမှတ်(၄၈)လိုင်းယာဉ်ပေါ်တွင် လှည်းတန်း
မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei C 8650 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၅၀)လိုင်း
ယာဉ်ပေါ်တွင် ဆင်ရေတွင်းမှတ်တိုင်၌ဆင်းသွားသော အမျိုးသား
တစ်ဦးထံမှ Samsung S3 CH အမျိုးအစားဖုန်း(၁)လုံးအား
လည်းကောင်း၊ အမှတ် (၄၈)လိုင်းယာဉ်ပေါ်တွင် ဆင်ရေတွင်း
မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Samsung I 930 အမျိုးအစား ဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ်
ပေါ်တွင် စံရိပ်ငြိမ်မှတ်တိုင်၌ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ
Huawei T 8828 အမျိုးအစား ဖုန်း(၁)လုံးအားလည်းကောင်း၊ အမှတ်(၂၂၆)လိုင်းယာဉ် ပေါ်တွင် လှည်းတန်း မှတ်တိုင်၌
ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei Y 210 အမျိုးအစား ဖုန်း(၁)လုံးအား လည်းကောင်းနှိုက်ယူခဲ့ပြီး ဆင်းကတ်များအား
လွှင့်ပစ်ကာ ဟန်းဆက်များ ရောင်းချထားကြောင်း စစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။

၎င်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း အမှတ်(၂၂၆)လိုင်းယာဉ်ပေါ်တွင် သံလမ်းမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei G 510 အမျိုးအစား ဖုန်း(၁)လုံးအား
လည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ်ပေါ်တွင် ဘာတာမှတ်တိုင်၌
ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Sony E16 i အမျိုးအစားဖုန်း
(၁)လုံးအားလည်းကောင်း၊ အမှတ်(၄၈)လိုင်းယာဉ်ပေါ်တွင်
သုခမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ
Huawei C 8813 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း၊
ရွှေအင်းဝလိုင်းယာဉ်ပေါ်တွင် ဘူတာရုံမှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Huawei U8500 အမျိုးအစားဖုန်း(၁)လုံး
အားလည်းကောင်း၊ အမှတ်(၂၂၆)လိုင်းယာဉ်ပေါ်တွင် ဘုရားလမ်း မှတ်တိုင်၌ ဆင်းသွားသော အမျိုးသားတစ်ဦးထံမှ Android M-2 အမျိုးအစား ဖုန်း(၁)လုံးအား လည်းကောင်း၊ အမှတ်(၄၅)လိုင်းယာဉ်
ပေါ်တွင် အုတ်ကျင်းမှတ်တိုင်၌ ဆင်းသွားသောအမျိုးသားတစ်ဦးထံမှ Huawei C 8650 အမျိုးအစားဖုန်း(၁)လုံးအားလည်းကောင်း
နှိုက်ယူခဲ့ပြီး ဆင်းကတ်များအားလွှင့်ပစ်ကာ ဟန်းဆက်များ
ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ သက်သေခံ ဟန်းဆက်များအား လိုက်လံသိမ်းဆည်းပြီး ၎င်းအား သက်ဆိုင်ရာ ကမာရွတ်မြို့မရဲစခန်း
နှင့် လှိုင်မြို့မရဲစခန်းတို့တွင် အမှုများထပ်မံဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D