သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 11, 2013

ငွေကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်း အိမ်ရာ များကို ရောင်းချ နိုင်ရန် စီစဉ်

တန်ဖိုးနည်း အိမ်ရာများ စီမံကိန်းအတွင်း တည်ဆောက် ပြီးစီး သွားပြီ ဖြစ်သည့် တန်ဖိုးနည်း အိမ်ရာ များကို ငွေကျပ် သိန်း ၁ဝဝ အောက် ဈေးနှုန်းဖြင့် ရောင်းချ ပေးနိုင်ရန် စီစဉ်လျက်
ရှိကြောင်း ရန်ကုန်မြို့တော် မြို့ပြ စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက   ပြောကြား ခဲ့သည်။
အဆိုပါ ရောင်းချ နိုင်မှုသည် အခြေခံ လူတန်းစားများ ဝယ်ယူနိုင်သည့် အနေ အထား တစ်ခုတွင် မရှိသေးကြောင်း၊ ယင်း စီမံကိန်းများ ဖော်ဆောင်ခြင်းသည် အိုးပိုင်၊ အိမ်ပိုင် မရှိသော  အောက်ခြေ ဝန်ထမ်းများ အတွက် လုပ်ဆောင် ပေးခြင်း ဖြစ်ပြီး လူတိုင်း အိုးပိုင်၊ အိမ်ပိုင် ရှိစေရေး စီမံချက် ဖြစ်ကြောင်း သိရသည်။

”သိန်း ၁ဝဝ အောက်ဈေးနဲ့ ရောင်းချတယ် ဆိုပေမဲ့  အရမ်း နည်းလွန်းတဲ့ ဈေးနဲ့တော့ စီစဉ် နိုင်ဦးမှာ မဟုတ်ဘူး။ စီမံကိန်း စမ်းသပ် ကာလ ဖြစ်တာကြောင့်ပါ” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ ယင်းအိမ်ရာ စီမံကိန်း အတွင်းတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး အတွက် ဦးစားပေး လုပ်ဆောင်လျက် ရှိပြီး အိမ်ရာ အတွင်း အမှိုက်သိမ်း စနစ်၊ ရေသန့် ဖြန့်ဝေ နိုင်ရေး စနစ်၊ မိလ္လာ စနစ်နှင့် လုံခြုံရေး စနစ် စသည်ဖြင့်  ပါဝင်ကြောင်း သိရသည်။  ထို့အပြင် ယခု အကောင် အထည် ဖော်နေသည့် အိမ်ရာတွင် အစိုးရဌာန၌ လုပ်သက် အနေဖြင့် အနှစ် ၃ဝ ကျော် တာဝန်ထမ်း ဆောင်ခဲ့သော ဝန်ထမ်းများက  ပင်စင်စား မဖြစ်မီ ဝယ်ယူ လိုကြသော်လည်း လက်လှမ်း မမီ တော့ကြောင်း သိရသည်။

”တန်ဖိုး မချရင်တောင် ဝန်ထမ်းတွေရဲ့ လစာနဲ့ ချိန်ပြီး ရောင်းချနိုင်မယ် ဆိုရင်ပို ကောင်းပါတယ်။ ဥပမာအားဖြင့် လစာ ရှစ်သောင်း ရတဲ့ ဝန်ထမ်းကို အရစ်ကျ တစ်လ လေးသောင်းသွင်း။ ဒီလိုမျိုး စနစ်တွေ လိုအပ်ပါတယ်” ဟု တာမွေမြို့နေ စီးပွားရေး ဘွဲ့ရ ပြည်သူ တစ်ဦးက ပြောကြား ခဲ့သည်။ တန်ဖိုးနည်း အိမ်ရာများ အကောင် အထည် ဖော်မှုကို ၂ဝ၁၂ ခုနှစ်မှ  စတင် လုပ်ဆောင်ခဲ့ သော်လည်း လက်ရှိ ဈေးနှုန်းများ အရ  ဝေဖန် ခံနေရ ကြောင်းနှင့် မကြာမီ ကာလများ အတွင်း ကောင်းမွန်စွာ အကောင် အထည် ဖော်ဆောင် ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြား ခဲ့သည်။
 
From: Myawady News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D