သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 13, 2013

နိုင်ငံခြားသားကိုလင်တော်ခဲ့သည့် ဒေါ်စု အမျိုးစပ်သော်လဲ သွေးမတူနိုင်ပါ

 
အမျိုးစပ်သော်လဲ သွေးမတူနိုင်ပါဆိုလျှင် အမျိုးမစပ်ပဲ သွေးတူနေတာတွေ ဘယ်လိုလုပ်မလဲ
ဟုပြောကြလိမ့်မည်။ဘယ်လိုပဲ ပြောပြော ကျနော်ပြောချင်တာက ကျနော်တို့နိုင်ငံက
လွတ်လပ်ရေးဖခင်ကြီးနဲ့ သူနဲ့သွးမတူတဲ့ သူ့ ရဲ့ သမီးအကြောင်းကို ပြောချင်တာ။
ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်ရင် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီးဆိုတာ
အားလုံးအသိပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများသာမက အခြားနိုင်ငံများကပါ လေးစားရသော ဗိုလ်ချုပ်အောင်ဆန်း
အစည်းအဝေးလာရောက်သည့် ပုံစံကို ကို ဂျပန်နိုင်ငံမှ ဗိုလ်မှူးကြီး ဟီရာအိုကက
"အောင်ဆန်းဝတ်လာတဲ့ကျေမွနေတဲစစ်အင်္ကျီအစုပ်ကိုတွေ့ရတော့ဂျပန်အရာရှိကြီးတွေက သိပ်ကိုလေးစားသွားကြတယ်။ဒီလိုအ၀တ်အစားယူနီဖောင်းကိုဖြစ်သလိုဝတ်ထားပုံ ကျုပ်တို့ စစ်သားတွေနဲ့ တူနေတယ်။ပြီးတော့အောင်ဆန်းဟာ စကားပြောရာမှာပြောသင့်တာ
လောက် နည်းနည်းပါးပါးပြောပြီးနှုတ်ဆိတ်နေတာကိုလဲသဘောကျတယ်။ဒီလိုယူနီဖောင်း
အစုပ်အပြဲဝတ်ထားတာနဲ့စကားနည်းတာကတော့ကျုပ်တို့ဆာမူရိုင်းသူရဲကောင်းတွေရဲ့
အမှတ်လက္ခဏာတစ်ခုမို့ဒါတွေကိုကျုပ်တို့ဂျပန်တွေကအလွန်တန်ဖိုးထားကြတယ်။
နောက်ပြီးအောင်ဆန်းဟာမျိုးချစ်စိတ်ဓါတ်ြ့ပ င်းထန်သူဖြစ်တယ်။တိုင်းတစ်ပါးအပေါ်
အောက်ကျို့ချင်တဲ့စိတ်၊ ကျွန်ခံချင်တဲ့ စိတ်ဓါတ်တွေလဲရှိတဲ့သူမဟုတ်ဘူး"  လို့လေးစားချီးကျူး
ခံခဲ့ရပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှ ဂျပန်များထွက်ခွားသွားပြီးတဲ့ နောက် မိတ္ထီလာခန်းမမှာ
ဖီးလ်မာရှယ်စလင်းနဲ့ဗိုလ်ချုပ်တို့တွေ့ဆုံကြစဉ်က"ကျွန်ုပ်သည်အောင်ဆန်းကိုလေးစားမိသည်။
ကျွန်ုပ်ထင်သကဲ့သို့သူသည်ကိုယ်ကျိုးရှာ တာဝန်မဲ့ပြောက်ကျားခေါင်းဆောင်မဟုတ်ပေ။
သူသည်မျိုးချစ်ပုဂ္ဂိုလ်အစစ်ဖြစ်ရ်ျ စိတ်ကူးယဉ်သမားမဟုတ်ပေ။လက်တွေ့သမားဖြစ်သည်။
သူသည်အလွန်ရိုးသားသည်။သူသည်ပေးခဲ့ပြီးသောကတိအတိုင်းလည်းတည်မည်ဟု ယုံကြည်ရသည်။ကျွန်ုပ်သည်အောင်ဆန်းနှင့် အလုပ်ဖြစ်သည်"
ဟု ပြောဆိုခဲ့ သည်ကိုလဲလေ့လာသိရှိရပါသည်။

အထက်တွင်ဖော်ပြထားသည့် တိုင်းတစ်ပါးသားများပင်ချီးကျူးရသောဗိုလ်ချုပ်၏
အရည်အချင်းများအတိုင်းဒေါ်အောင်ဆန်းစုကြည်သည်ဖခင်နှင့် မည်သည့် အရည်အချင်းများ
တူညီပါသလဲ။ဆိုလိုချင်တာကတော့ ဗိုလ်ချုပ်သည်ဒေါ်အောင်ဆန်းစုကြည်ကဲ့ သို့ အပြော
သမားမဟုတ်လက်တွေ့ သမား။ဒေါ်အောင်ဆန်းစုကြည်မြန်မာနိုင်ငံအနှံ့ အပြားဟောပြောပွဲတွေ
လုပ်၊ပြည်သူတွေကို မက်လုံးပေးပြီးစည်းရုံးပွဲတွေလုပ်ပြီး နိုင်ငံတော်နဲ့ပြည်သူတွေအတွက်
ဘာတွေများအဖြစ်ရှိအောင်လုပ်ပေးပြီးပြီလဲ။မိမိနာမည်ရဖို့ အတွက်တစ်ကိုယ်ကောင်းဆန်ဆန်
လုပ်တတ်သည့် တစ်ကိုယ်ကောင်းသမားမဟုတ်။ငယ်ရွယ်စဉ်က နိုင်ငံရပ်ခြားမှာ ဗိုလ်ချုပ်မုန်းပါ
တယ်ဆိုတဲ့တိုင်းတစ်ပါးသားနဲ့ကဲချင်သလိုကဲပြီး၂သားကျပီးကာမှ မြန်မာနိုင်ငံအတွက်
မျိုးချစ်စိတ်ရှိသယောင်ယောင်၊ပြည်သူကိုချစ်သယောင်ယောင်  ယောင်ဝါးလုပ်ကာ လူထု
ခေါင်းဆောင်ဘွဲ့ ခံယူပြီး လေလိုက်ဖြန်းနေသော လေသမားတစ်ယောက်ဖြစ်နေသည်
ကိုတွေ့ရသည်။

ယခုအချိန်ထိ ဗိုလ်ချုပ်သာရှိခဲ့လျှင်နေရာတကာလေလိုက်ဖြန်းနေသော ဒေါ်အောင်ဆန်းစုကြည်
တစ်ယောက်ရှေ့မှနာမည်အောင်ဆန်းဆိုသည်ကိုဖြုတ်ပြီး စုကြည်မဘ၀ဖြင့် မည်သည့်နေရာတွင်
မည်သို့မည်ပုံသောင်တင်နေမလဲဆိုတာတွေးကြည့်ရုံဖြင့်သိနိုင်ပါသည်။မြန်မာနိုင်ငံအတွက်ကျမ
ကဘာလုပ်ပေးနိုင်မှာလဲ။လုပ်ဖို့နေရာမှမရသေးတာဟုပြောဆိုလျှင်ဒေါ်အောင်ဆန်းစုကြည်အား
တစ်ခုပဲမေးချင်ပါသည်။ ခင်ဗျားက နေရာရမှ နိုင်ငံအတွက်အလုပ်လုပ်မှာလားလို့ ။အဲ့ဒီလိုဆိုရင်
တော့ဒေါ်အောင်ဆန်းစုကြည်ဆိုတာနေရာရဖို့၊အာဏာရဖို့အတွက်အလုပ်လုပ်နေတဲ့သူ
တစ်ယောက်ဖြစ်နေပေတော့မည်။

နိုင်ငံတကာမှလဲနာမည်အမျိုးမျိုး၊ခေါင်းစဉ်အဖုံဖုံတံဆိပ်မျိုးစုံကပ်ပြီးဆုများ ချီးမြှင့်ပေးနေ
သလောက်ယခုနောက်ပိုင်းကာလများတွင်ခေါင်းစဉ်တွေကစုံ၊အလုပ်ကလဲမည်မည်ရရမလုပ်
နိုင်တော့ဆုပေးရတဲ့သူတွေလဲနောက်ထပ်ဘယ်လိုခေါင်းစဉ်တပ်ရမလဲဆိုတာ အင်မတန်စဉ်းစား
ရခက်နေကြပါပြီ။ ပြည်သူတွေလိုအပ်နေတာ လေ မဟုတ်ပါ။အမှန်တကယ် လက်တွေ့
လုပ်ပေးတာကိုပဲလိုချင်ကြပါသည်။ထို့ ကြောင့် နေရာတကာ လေဖြင့်အလုပ်လုပ်နေသော
ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူအတွက် အမှန်တကယ်အကျိုးရှိမည့်လုပ်ငန်းများ
ပြုလုပ်ပေးစေလိုပါသည်။နေရာတကာတွင် ဖေဖေပြောခဲ့သလိုပဲ ဖေဖေပြောခဲ့သလိုပဲလို့ 
ပြောနေမယ့်အစား ဖေဖေဆိုသော ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့တိုင်းပြည်အတွက် အမှန်တကယ်
အလုပ်လုပ်စေချင်မိပါသည်။

From: မျိုးချစ်သူ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D