သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 5, 2013

ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ (၁)ဦးသေ (၅)ဦးဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၅
၎.၈.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း
အောင်ကိုဝင်း (စုံစမ်းဆဲ)မောင်းနှင်လာသော ၂စ/---- ကင်တာအမျိုးအစား(ကိုယ်ပိုင် ယာဉ်)သည် မြန်မာ့
အသံဝင်းရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိ ကာ ပြည်လမ်းအတိုင်း
မြောက်မှတောင်သို့ ကိုတင်ဇော်မင်း (ဘ)ဦးတင်အုန်း၊ ရွှေကျင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်း
နှင်လာသော ၈ဆ/---- လိုက်ထရပ်(ကိုယ်ပိုင်ယာဉ်)နှင့် နောက်ဘက်မှ ကိုအောင်ဝင်း မောင်းနှင်လာသည့်
၃စ/---- ဟိုင်းလတ်ဆပ်(ကိုယ်ပိုင်ယာဉ်)တို့အား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၃)စီးနှင့် ပန်းခုံများပျက်စီးခဲ့ပြီး ၂စ/---- ယာဉ်ပေါ်ပါ ရွှေပြည်သာမြို့နယ် နေ
သူများဖြစ်သည့် ကိုရဲ (ဘ)ဦးဇော်လင်း၊ ကိုမင်းဇယ်ရူး (ဘ)ဦးဖိုးရူး၊ ကိုကျော်သက်နိုင် (ဘ)ဦးစိန်ဝင်း၊ ကို
ဇော်မင်းထက် (ဘ)ဦးတင်အုန်းနှင့် ၈ဆ/---- ယာဉ် ပေါ်ပါ ယာဉ်မောင်း ကိုတင်ဇော်မင်းတို့တွင် ဖူးရောင်၊
ပေါက်ပြဲ နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်း/အပြင်လူနာများအဖြစ်
ကုသလျက်ရှိပြီး၊ ၈ဆ/-- ယာဉ်ပေါ်ပါ ကိုအောင်လင်းစိုး (စိစစ်ဆဲ)မှာ နဖူးစုတ်ပြဲ၊ ၀ဲနားသွေးထွက်၊ ၀ဲခြေ၊
လက်ဖျံတို့တွင် ဖူးရောင်ဒဏ်ရာ များရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ၂စ/---- ကင်တာအမျိုးအစား ယာဉ်မောင်း
အောင်ကိုဝင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေးသွားခဲ့သဖြင့်၎င်းအား ကမာရွတ်မြို့မ
ရဲစခန်းယာဉ်(ပ)၄၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇ /၃၃၈/၃၀၄-က/၂၀၂ ဖြင့်အရေးယူ ထားရှိပြီး ဖမ်းဆီးရမိ
ရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D