နေပြည်တော် ၊ ၄-၈-၂၀၁၃
၂၇ ကြိမ်မြောက်
အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအကြို နိုင်ငံတကာ စစ်တုရင် ဖိတ်ခေါ်
အားကစား ပြိုင်ပွဲအား နေပြည်တော် ဇမ္ဗူသီရိ ဟိုတယ်၌ ယမန်နေ့ နံနက်ပိုင်းမှ
စတင်၍ စတုတ္ထနေ့ အဖြစ် ဆက်လက် ယှဉ်ပြိုင် ကစားလျက် ရှိကြောင်း သိရသည်။
အဆိုပါ စစ်တုရင်
ပြိုင်ပွဲတွင် မြန်မာ ၊ ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်ကာပူ ၊
လာအို နှင့် ဗီယက်နမ် နိုင်ငံတို့မှ အားကစား သမားများ ယှဉ်ပြိုင်
ကစားရာတွင် မြန်မာအသင်း အနေဖြင့် အမျိုးသား ၁၆ ဦး နှင့် အမျိုးသမီး ၇
ဦးတို့ ပါဝင်ယှဉ်ပြိုင် ၍ ဆုတံဆိပ်များ အနေဖြင့် ရွှေ ၁၇ ခု ၊ ငွေ ၇ ခု ၊
ကြေး ၈ ခု ရရှိပြီး ထိုင်းနိုင်ငံ မှ ရွှေ ၈ ခု ၊ ငွေ ၃ ခုနှင့် ကြေး ၆ ခု ၊
အင်ဒိုနီးရှား မှ ငွေ ၁ ခု ၊ ကြေး ၁ ခု ၊ စင်ကာပူ မှ ငွေ ၁ ခု ၊ လာအို မှ
ကြေး ၁ ခု အသီးသီး ရရှိကြသည်။
စစ်တုရင် ပြိုင်ပွဲ
အားကစားနည်းများ အနေဖြင့် အပြည်ပြည် ဆိုင်ရာ စစ်တုရင် ကစားနည်း ၊ အာဆီယံ
စစ်တုရင် ကစားနည်း နှင့် မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်း များအား
ယှဉ်ပြိုင် ကစားခဲ့ ကြကြောင်း သိရှိရသည်။
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...