သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 13, 2013

အိန်္ဒိယ၌ မိသားစုဝင် ဆင်တစ်ကောင် ရထားတိုက်၍ သေဆုံးခဲ့မှု အပေါ် လက်စားချေသည့် အနေဖြင့် နေအိမ်များကို ဆင်များဖျက်ဆီး

အိန်္ဒိယ နိုင်ငံ အရှေ့ပိုင်း မာတာရီ ကျေးရွာ အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ရထား တိုက်မိမှုကြောင့် ဆင်တစ်ကောင် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ဆင် ၁၅ ကောင်ခန့် ပါဝင်သော ဆင်အုပ် တစ်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် ရွာသို့ လာရောက်၍ ကလဲ့စား ချေသည့် အနေဖြင့် နေအိမ်များကို

ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင်အုပ်သည် အနီးအနားရှိ နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏ အစိတ်အပိုင်း အချို့ကိုလည်း ဖျက်ဆီး ခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံ များက ဗျောက်အိုးများ အသုံးပြု၍ အုပ်စုခွဲ နိုင်ခဲ့ကြောင်း သိရသည်။

ဆင် ၁၅ ကောင်ခန့် ပါဝင်သော အဆိုပါ ဆင်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့ သည့် နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ ဆင်များသည် ယင်းနေရာမှ ရက်ပေါင်းများစွာ ဖယ်ရှားခြင်း မရှိသည့် အတွက် ရထား ခရီးစဉ်များ ရပ်တန့် ခဲ့ရကြောင်း Times of India တွင် ဖော်ပြထားသည်။ ဆင်များသည် ၎င်းတို့၏ အပေါင်းအဖော် ဒဏ်ရာရရှိ ခဲ့သည်ဟု ယူဆပြီး ၎င်းကို ကယ်ဆယ်ရန် အတွက် အခင်း ဖြစ်ပွားရာ နေရာသို့ ပြန်လာရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဆင်တစ်ကောင် သဘာဝ အတိုင်း သေဆုံး ခဲ့ပါက ၎င်း၏ အပေါင်းအဖော် ဆင်များသည် သေဆုံးသည့် ဆင်၏ ခန္ဓာကိုယ်ကို သစ်ကိုင်းများဖြင့် ဖုံးအုပ်လေ့ ရှိကြောင်း တောရိုင်း တိရစ္ဆာန် ဆိုင်ရာ ကျွမ်းကျင်သူ ဒီအက်ခ်ဆရီဖက်စ်တာဗာက Times of India သို့ ပြောကြားခဲ့သည်။

From: မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D