“အစွန်းရောက် ပရိသတ်တွေကြောင့် ဖြစ်ရတာပါ။
ဒါကိုလည်း ထိရောက်စွာ အရေးယူသွားပါမယ်။ လုံခြုံရေးအားနည်းလို့ မဟုတ်ပါဘူး။
လုံခြုံရေးက သူအပိုင်းနဲ့ သူရှိပါတယ်။ လုံခြုံရေး အပြည့်အဝရှိတဲ့
နိုင်ငံခြားက
ပွဲတွေမှာတောင် ဒါထက်ဆိုးတာတွေ ဖြစ်ခဲ့ကြသေးတာပဲ။ မမျှော်လင့်တဲ့ အချိန်မှာ
ဖြစ်သွားတာဆိုတော့ အဲဒီအချိန်မှာ သတင်းတွေကလည်း လွှင့်ချင်သလို
လွှင့်လိုက်တာပဲ။
ကွင်းပျက်စီးတယ်ဆိုတာ အနည်းငယ်လေးပါ” ဟု ဘောလုံးအဖွဲ့ချုပ်မှ
ဦးဘန်နီတင်အောင် က
ပြောကြား သည်။
“Report မှာကြည့်ပြီးတော့ အစည်းအဝေးထိုင်
ဆုံးဖြတ်ကြမယ်။
အရေးယူသင့်တာကို အရေးယူမှာပါ” ဟု ဦးစိုးမိုးက လည်းပြောကြားသည်။
“အပြစ်ပေးဖို့
အပိုင်းကတော့ Report တွေဖတ်ပြီးမှစည်းကမ်း ထိန်းသိမ်းရေး က ဆုံးဖြတ်မှာပါ။
Report
တွေက မနေ့က ရောက်ပါတယ်။ ဒီတစ်ရက်နှစ်ရက်အတွင်း ဆုံးဖြတ်မှာပါ” ဟု
ဦးဘန်နီတင်အောင်က ပြောကြားသည်။ “မမျှော်လင့်ဘဲနဲ့ ဖြစ်သွားတာဆိုတော့
ပြောရတာခက်ပါတယ်။ ကစားသမားတွေကိုလည်း ဘယ်သူကိုမှ အပြစ်မပြောလိုပါဘူး။
ဒါမျိုးတွေက
ဖြစ်လေ့ဖြစ်ထ တော့ရှိပါတယ်” ဟု မြန်မာ့လက်ရွေးစင် တိုက်စစ် မှုး
ကျော်ကိုကိုက
ပြောကြားသည်။ နေပြည်တော် ဝဏ္ဏသိဒ္ဓိကွင်းကြီး၏ လုံခြုံရေးကို လည်း
ပြည်သူများ က
မေးခွန်းထုတ်နေကြပြီး နှစ်ဖက်အသင်း ပြဿနာ ဖြစ်ပွားမှုကြောင့်
ကွင်းအတွင်းခုံအချို့
ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
From :
..
ပြည်မြန်မာ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...