သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 11, 2013

ဆီးဂိမ်းတွင် ရန်ကုန်မြို့ နေရာငါးနေရာတွင် Wi-Fi အခမဲ့ သုံးစွဲနိုင်မည်

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် (၂၇)ကြိမ်မြောက် အာဆီယံ ဆီးဂိမ်းကာလတွင် ကျင်းပမည့် မြို့နယ်များတွင် Wi-Fi အခမဲ့ သုံးစွဲနိုင်ရန် အားကစားဝန်ကြီးဌာန အစီအစဉ်ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ရာ ယခုအခါ ရန်ကုန်နှင့် ငွေဆောင်တွင် Wi-Fi အခမဲ့ သုံးစွဲနိုင်မည့် နေရာများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ Wi-Fi အခမဲ့ လွှင့်မည့် နေရာများမှာ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားကွင်း၊ သုဝဏ္ဏအားကစားရုံ၊ သိမ်ဖြူအားကစားရုံ မြောက်ဒဂုံ သေနတ် ပစ်ကွင်း၊ Myanmar Convention Centre (MCC) နှင့် ငွေဆောင်ကမ်းခြေတို့တွင် Wi-Fi ဝန်ဆောင်မှုများ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ 

“အားကစားပြိုင်ပွဲ ကျင်းပမည့် နေရာ အားကစားခန်းမနဲ့ အားကစားကွင်းတွေ၊ တည်ခိုမဲ့ နေရာတွေမှာ Wi-Fi အခမဲ့ သုံးစွဲနိုင်အောင် စီစဉ်နေပါတယ်” ဟု အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြား ခဲ့သည်။ ဆီးဂိမ်းကာလအတွင်း အင်တာနက် ဝန်ဆောင်မှုများ ပေးနိုင် ရန် ပြည်တွင်းမှ   ရွှေသံလွင်ကုမ္ပဏီ၊ ပြည်ပမှ နည်းပညာကုမ္ပဏီက နည်းပညာ အကူအညီ ပေးမည်ဖြစ်ပြီး Red Link ကုမ္ပဏီက လုပ်ငန်းဆောင်ရွက်မှု အပိုင်းကို ရွှေသံလွင် ကုမ္ပဏီနှင့် နေရာများခွဲဝေကာ လုပ်ဆောင်သွား မည်ဖြစ် သည်။

 (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် ကျင်းပ မည်ဖြစ်ပြီး နေပြည်တော်၊ မန္တလေးမြို့များရှိ အားကစားကွင်းနှင့် အားကစားရုံများ၊ နေထိုင် တည်းခိုရာ နေရာ များတွင် Wi-Fi အခမဲ့ ဝန်ဆောင်မှု များပေးရန် ရွှေသံလွင်ကုမ္ပဏီက တာဝန်ယူဆောင် ရွက် မည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် ငွေဆောင်တို့တွင် Red Link ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်   ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D