၂၀ဝ၇၊ စက်တင်ဘာအရေးအခင်း၏ ပုံရိပ်များက ပြည်သူလူထု၏
မျက်စိထဲတွင် ယနေ့ထက်တိုင် လှုပ်လှုပ်ရှားရှားရှိနေကြဆဲ။ မေတ္တသုတ်ရွတ်ဆိုကာ
ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြနေကြသော သံဃာတော်များ၏ပုံရိပ်များ။
ဘေးဝဲယာတွင် လက်ချင်းချိက်ကာ အကာအကွယ်ပေးရင်း လိုက်ပါလာကြသော
လူထုပရိသတ်၏ပုံရိပ်များ။ ဆန္ဒပြသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို
စစ်သားနှင့် လုံထိန်းရဲများက အတင်းဟန့်တား၊ နှိမ်နင်း၊
ဖမ်းဆီးချုပ်နှောင်နေကြသည့် မြင်ကွင်းများ။
ထိုအရေးအခင်း၊ ထိုမြင်ကွင်းများကား ထင်ရှားလှသော သမိုင်းမှတ်တိုင်တစ်ခုဟု
ဆိုနိုင်ပါ သည်။ ဗြိတိသျှအစိုးရ၏ လက်အောက်မှ လွတ်လပ်ရေးရယူနိုင် အောင်
လူထု၏ နား၊ မျက်စိကို ဖွင့်ပေးခဲ့ခြင်းမှအစပြု၍ ၂၀ဝ၇
ရွှေဝါရောင်အရေးအခင်းအထိ သံဃာတော်များ၏ အခန်းကဏ္ဍ သည်
မြန်မာ့နိုင်ငံရေးသမိုင်းတွင် များစွာအရေးကြီးခဲ့ပါသည်။
ရွှေဝါရောင်တော်လှန်ရေးမှာ ဘာသာရေးစွက်ဖက်မှု အစိုးရကို
နိုင်ငံရေးအရ ဖြုတ်ချရန် ကြိုး ပမ်းမှု ဖြစ်ခဲ့သည့်အတွက် ဘာသာပေါင်းစုံ
ပါဝင်ကာ ဆင်နွှဲခဲ့ သည့် တော်လှန်ရေးတစ်ရပ်ဖြစ်ခဲ့သည်။
သို့သော်လည်း အရပ်သားအစိုးရတက်လာပြီး ဒီမိုကရေစီ
ဖော်ဆောင်ရေးလုပ်ဆောင်နေသည့် ယနေ့လို ကာလမျိုးတွင် သံဃာတော်များနှင့်
နိုင်ငံရေး ယခင်ကလို ဆက်လက် ပတ်သက် သင့်၊ မသင့်နှင့် ပတ်သက်သင့်သည်ဆိုပါက
မည်သည့်အတိုင်း အတာအထိ ပတ်သက်သင့်သလဲအစရှိသော မေးခွန်းများမှာ
မေးမြန်းစရာဖြစ်လာပါသည်။
အထူးသဖြင့် ယမန်နှစ်မှ အစပြုကာ
သံဃာတော်အချို့ ဦး ဆောင်လှုပ်ရှားလာသည့် ၉၆၉ လှုပ်ရှားမှုနှင့်
မျိုးစောင့်ဥပဒေ ကိစ္စရပ်များက ထိုကဲ့သို့သော မေးခွန်းများ ပေါ်ထွက်လာအောင်
တွန်းအားပေးသကဲ့သို့ဖြစ်နေပါသည်။
အဆိုပါမေးခွန်းများကို တတ်စွမ်းသမျှ ဆန်းစစ်ကြည့်နိုင် ရန်
ကျွန်ုပ်တို့မော်ကွန်းက သံဃာတော်အချို့၊ နိုင်ငံရေးသမား အချို့ နှင့်
နိုင်ငံရေးလေ့လာသူအချို့ကို ချဉ်းကပ်မေးမြန်းခဲ့ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စင်စစ်တွင်
မြန်မာ့သမိုင်းကြောင်းတစ်လျှောက် ဖြစ်ထွန်း လာခဲ့သည့် အခြေအနေများကို
ကြည့်လျှင် ရဟန်းသံဃာများကို နိုင်ငံရေးမှ ခွဲထုတ်စဉ်းစားဖို့ဟူသည်မှာ
မဖြစ်နိုင်သလောက်ရှိ သည်ဟု နိုင်ငံရေးသမားအချို့နှင့်
နိုင်ငံရေးလေ့လာသူအချို့က ဆိုပါသည်။
ထိုအယူအဆကို
လက်ခံသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ
ဦးဌေးကြွယ်ကတော့ သမိုင်းကြောင်းအစဉ်အလာအရ ကြည့်လျှင် သံဃာတော်များ ၏
အခန်းကဏ္ဍသည် နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတို့တွင်
ပါဝင်လာခဲ့သည့်သဘောကို တွေ့ရသည်ဟု ဆိုပါသည်။
“ယဉ်ကျေးမှုနဲ့ ကိုးကွယ်မှုဘာသာတွေမှာသာမကဘဲ ကျွန်
တော်တို့လူ့အဖွဲ့အစည်းတည်ဆောက်မှုမှာပါ ဗုဒ္ဓဘာသာ သာသနာဟာ ကြီးမားတဲ့
(အဖွဲ့အစည်း)တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ၊
လူမှုရေးမှာ၊ ယဉ်ကျေးမှုမှာ ဘယ်လိုမှ သီးခြားခွဲထုတ်ပြီး စဉ်းစားလို့မရဘူး”ဟု
ဦးဌေးကြွယ်ကဆိုသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-
အောက်ခြေတွင်
ကျေးရွာအုပ်ချုပ်ရေးမှူးများ မည်မျှပင် ဩဇာအာဏာရှိသည်ဖြစ်စေ
ရွာဦးဘုန်းကြီးကျောင်းက ဆရာ တော်ကို မလွန်ဆံ့ဝံ့ကြဘဲ လိုအပ်လျှင်
ဘုန်းတော်ကြီးများ ဝင် ရှင်းရသည့်အခြေအနေများမှာ ယနေ့တိုင်ရှိနေပါသေးသည်။
ပွဲ လမ်းသဘင်ရှိသည့်အခါမျိုးဆိုလျှင် သံဃာတော်များသည် ပွဲ ထိန်းလည်း
ဖြစ်ချင်ဖြစ်သွားတတ်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက
သူကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။
“ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဘယ်လိုပဲ အာဏာရှိသည် ဖြစ်စေ
ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်ကြီးတွေကို ဘယ် သူမှ မတွန်းလှန်နိုင်ပါဘူး။
တစ်ခုခုဖြစ်ရင်၊ အာဏာပိုင်တွေမနိုင် ရင် ရွာဦးဘုန်းတော်ကြီးကိုပဲ
သွားခေါ်ရတာ” ဟု ဆိုသည်။
ယင်းသို့ပါဝင်ကြရခြင်းမှာလည်း လူ့အဖွဲ့အစည်းအတွင်း တွင် နေထိုင်နေကြသော
သံဃာတော်များသည် လူမှုအဖွဲ့အစည်း ၏ ရိုက်ခတ်မှုကို သူတို့လည်းပဲ
ခံကြရသည့်အတွက်ကြောင့်ဖြစ် သည်ဟု နိုင်ငံရေးသိပံ္ပပါရဂူဘွဲ့ ဆည်းပူးနေသူ
ဦးမင်းဇင်က သုံး သပ်ပါသည်။
“လွတ်လပ်ရေးတိုက်ပွဲမှာ ပိုထင်ရှားတာပေါ့။ အဲဒီကာလ မှာတော့
ရဟန်းသံဃာတော်တွေရဲ့ အခန်းကဏ္ဍက တော်တော့် ကို အရေးပါပါတယ်။ ရဟန်းသံဃာတွေက
ဦးစီးဦးဆောင်ပြုခဲ့ တာတွေ အများကြီးရှိပါတယ်။ သမိုင်းကြောင်းအရ အရေးပါ တယ်”
ဟု ဦးမင်းဇင်ကဆိုသည်။
တစ်ချိန်တည်းတွင် ဦးမင်းဇင်က ယခုလို မှတ်ချက်ပြုပါသည်။
“ဒါပေမဲ့ သမိုင်းကြောင်းအရ အရေးပါတိုင်း ဒါဖြစ်သင့် လား၊
မဖြစ်သင့်ဘူးလားဆိုတာကတော့ သီးခြားဖြစ်သွားတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးက
ခွဲထားတာအကောင်းဆုံးပဲ”
အမျိုးသားနိုင်ငံများ၏
လက္ခဏာမှာ ပြည်သူကို စုစည်း၊ စည်းရုံးမည့်သူသည် ပြည်သူလူထုက
ရွေးကောက်သည့်သူပဲဖြစ် ရမည်ဟူသည့် သဘောမျိုးရှိကြောင်း ဦးမင်းဇင်က သုံးသပ်
ပါသည်။

OIC အဖွဲ့ကို ကန့်ကွက်ဆန္ဒပြနေကြသော သံဃာတော်များ (Photo: Aung Pyae)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Myanmar People Forum မှ ဦးကျော်လင်းဦးကလည်း သံဃာတော်များနှင့် နိုင်ငံရေး
မပတ်သက်သင့်ဟုဆိုသည်။
“အမှန်တကယ်ကျတော့ ဘုန်းကြီးတွေက ဘာသာရေး လုပ်ငန်း၊
လောကုတ္တရာလုပ်ငန်းတွေကို ဦးဆောင်ပြီးတော့ ဘာ သာရေးခေါင်းဆောင်အနေနဲ့
လုပ်ရတဲ့အတွက်ကြောင့်မို့လို့ ဘုန်းကြီးဟာ နိုင်ငံရေးလုပ်ငန်းတွေမှာ
ပါဝင်ဖို့ မသင့်ဘူးလို့ အကြမ်းဖျင်းပြောလို့ရတယ်”ဟု ဦးကျော်လင်းဦးကဆိုသည်။
“ဘုန်းကြီးနဲ့ နိုင်ငံရေးမဆိုင်ဘူး”ဟု သူက မှတ်ချက်ပြုသည်။
သို့သော်လည်း အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး လှုပ်ရှားမှုမှသည်
စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက် ရေးလှုပ်ရှားမှုအထိ သံဃာတော်များ ပါဝင်မှု
ရှိခဲ့ကြသည့်အတွက် ဘုန်းကြီးများနှင့် ဘာသာရေးကို ခွဲထုတ်မရ ဖြစ်နေရသည်ဟု၎င်းက
ဆိုသည်။
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း
(Yangon School of Political Science-YSPS) ကို တည်ထောင်သူများထဲတွင်
ပါဝင်ပြီး ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးစိုးမြင့် အောင်ကတော့
ဘုန်းကြီးနှင့် နိုင်ငံရေး ပတ်သက်သင့်၊ မသင့်ဆို သည်မှာ ယတိပြတ်ပြော၍
မရဟုဆိုသည်။ ဖြစ်စဉ်ကို ကြည့်ပြီးမှ သာ ပတ်သက်သင့်၊ မသင့်ကို
ပြောနိုင်လိမ့်မည်ဟု ဆိုသည်။
၉၆၉ နှင့် မျိုးစောင့်
သံဃာတော်များအားလုံး နိုင်ငံရေးလုပ်သင့်သည်ဟု ခံယူ ထားသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ ကမူ သူ့အနေနှင့်
ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများကို အကာ အကွယ်ပေးမည့် မျိုးစောင့်ဥပဒေကို
လက်လည်း လက်ခံသည်။ ကြိုက်လည်း ကြိုက်သည်ဟုဆိုသည်။
“ဆရာတော်ကြီးတွေကိုလည်း အဲဒီဥပဒေ ရေးဆွဲပေးတဲ့ အတွက်ကြောင့် စိတ်ထဲမှာ
ကျေးဇူးတင်လျက်ရှိပါတယ်။ ခေတ် ကြီး သုံးခေတ်ကို ဖြတ်သန်းခဲ့ရတဲ့
မြန်မာအမျိုးသမီးတွေရဲ့ သုခနဲ့ ဒုက္ခများကို အခြေခံပြီးပြောရတာပါ”ဟု
ဒေါ်လဲ့လဲ့ဝင်းဆွေက၎င်းတစ်ဦးတည်း၏ အမြင်ကိုပြောသည်။
ကိုလိုနီခေတ်တွင် မြန်မာအမျိုးသမီးများ၏ ဘဝမှာ နိုင်ငံခြားသားများ၏
ပျော်တော်ဆက်ဘဝသာဖြစ်ခဲ့ရပြီး ၎င်း တို့၏ ခင်ပွန်းများ သေဆုံးသွားသည့်အခါ
သိရဲ့သားနှင့် မတတ် နိုင်၍ဖြစ်စေ၊ မသိ၍ဖြစ်စေ အခွင့်အရေးများ
ဆုံးရှုံးနေရသော ကြောင့် ခေတ်ကြီးသုံးခေတ်ကို ဖြတ်သန်းခဲ့ရသည့် အမျိုးသမီး
များ၏ ဒုက္ခနှင့် သုခများကို အခြေခံကာ ယခုကဲ့သို့ ပြောရခြင်း ဖြစ်သည်ဟု
ဆိုသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“သားသုံးသားက
ခုနပြောတဲ့ သူတို့အလုပ်တွေကို မလုပ် ဘဲနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ
လုပ်နေရတယ်ဆိုတာ အဲဒီ တိုင်းပြည်ဟာ ပုံမှန်မဟုတ်တဲ့ တိုင်းပြည်၊
ပုံမှန်မဟုတ်တဲ့ အခြေ အနေဖြစ်နေပြီလို့ ကျွန်တော်က ထင်တယ်”ဟု ဦးမင်းဇင်က
ဆိုသည်။
ရဟန်းတော်များအနေဖြင့် ၎င်းတို့၏တာဝန်ဖြစ်သည့် ပဋိယတ်၊
ပဋိပတ်၊ ပဋိဝေဒ အလုပ်များကိုလုပ်သင့်ပြီး စစ် သားများဆိုလျှင်လည်း ပရော်
ဖက်ရှင်နယ်ပီသစွာ တိုင်းပြည် ကာကွယ်ခြင်းနှင့် ပြည်တွင်း ပြည်ပရန်
ကာကွယ်ခြင်းများ လုပ်သင့်သည်ဟုဆိုသည်။ ကျောင်းသား များဆိုလျှင်လည်း
ပညာရေးတွင် ထူးချွန်အောင် ကြိုးစားပြီး အသက်မွေးဝမ်း ကျောင်း နယ်ပယ်ထဲတွင်
ဝင် ရောက်ကာ တိုင်းပြည်တိုးတက် ရေးအတွက် တစ်စုံတစ်ရာ ပါ ဝင်သင့်သည်ဟု
ဦးမင်းဇင်က သုံးသပ်သည်။
ရွှေညဝါဆရာတော် ယူဆ
သည်ကလည်း နိုင်ငံရေးမှာပါဝင် ပတ်သက်သည့် ဘုန်းတော်ကြီး များအနေနှင့်
ကိုယ်လုပ်နိုင်သည့် အတိုင်းအတာထက် ပိုပြီးတော့ မလုပ်သင့်ဟု မိန့်ပါသည်။
“အဲဒီကိစ္စတွေများသွားရင် တို့ရဲ့ မူလ ပဋိပတ္တိ၊ ပရိယတ္တိ တွေ
လျော့ရဲသွားရင် တို့ရဲ့ အစဉ်အလာ ကောင်းခဲ့တဲ့ ထေရဝါဒ တို့တိုင်းပြည်ကြီးဟာ
လောကီရေးရာ တွေနဲ့ ရှုပ်ယှက်ခတ်လို့ လောကအရေး ရှေ့တန်းရောက်သွားရင်
လောကုတ္တရာရေးရာ တွေ မှေးမှိန်ပြီးတော့ သာသနာ ဆုတ်ယုတ်သွားလိမ့်မယ်”ဟု
ရွှေညဝါဆရာတော်က မိန့်ပါသည်။
အခြားတစ်ဖက်တွင်လည်း
လူများက ဘုန်းကြီးကိစ္စများ တွင် ဝင်မရှုပ်ဖို့နှင့် ကိုယ့်အလုပ်
ကိုယ်လုပ်ကြဖို့ ရွှေညဝါဆရာ တော်က ယခုလိုမိန့်ပါသည်။
“လူဟာလည်းပဲ ဘုန်းကြီးတွေအလုပ်ကို ဝင်ရှုပ်ရင် မတော်ဘူး။
ဘုန်းကြီးတွေက လူအလုပ်ကို ဝင်ရှုပ်လွန်းရင်လည်း မတော်ဘူး”
From :မော်ကွန်းမဂ္ဂဇင်း အမှတ်(၈)


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...





No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...