မာဒေးကားဖလားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၏
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး
(၁၉၅၇)ခုနှစ်မှ
စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ယင်းပြိုင်ပွဲ ၏
ဖိုင်နယ်ပွဲစဉ်သို့ (၁၉၆၄)ခုနှစ်တွင် စတင် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး
ထိုပွဲစဉ်တွင် အန္ဒိယအသင်း အား (၁-၀)ဂိုး ဖြင့်အနိုင်ရရှိကာ
ပထမဆုံးချန်ပီယံဘွဲ့အား
ရယူနိုင်ခဲ့သည်။ မြန်မာအသင်းသည် လာမည့်စက်တင်ဘာ(၁၄)ရက်နေ့တွင်
မလေးရှားယူ-၂၃အသင်းနှင့် ကစားရမည့် ဖိုင်နယ်ပွဲစဉ်မတိုင်မီ ကစားခဲ့ရသည့်
ဖိုင်နယ်ပွဲစဉ်များတွင် ချန်ပီယံဆုအား (၃)ကြိမ်ရယူနိုင်ခဲ့ပြီး
(၄)ကြိမ်ရှုံးနိမ့်ခဲ့ကာ (၁၉၆၅)ခုနှစ်တွင်
တောင်ကိုရီးယားအသင်းနှင့်ပူးတွဲချန်ပီယံဆုရရှိခဲ့သည်။ မြန်မာအသင်းအနေဖြင့်
နောက်
ဆုံးချန်ပီယံဖြစ်ခဲ့သည်မှာ (၂၀၀၆)
ခုနှစ်ကဖြစ်ပြီး ထိုစဉ်က အင်ဒိုနီးရှားအသင်းအား (၂-၁)ဂိုးဖြင့်
အနိုင်ရရှိခဲ့ခြင်း
ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ယခုနှစ်ပြိုင်ပွဲတွင်
အိမ်ရှင်မလေးရှားအပါအ၀င် ထိုင်းလိဂ်ညွှန့်ပေါင်းအသင်း၊
စင်ကာပူအသင်းတို့နှင့်
ယှဉ်ပြိုင်ခဲ့ရပြီး ပထမပွဲစဉ်တွင် ထိုင်းညွှန့်ပေါင်းအသင်းနှင့်
(၁-၁)ဂိုးသရေကျ ခဲ့ပြီး
ဒုတိယပွဲစဉ်တွင် မလေးရှားအသင်းအား (၂-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရပြီး
နောက်ဆုံးပွဲစဉ်တွင် စင်ကာပူ အသင်းအား (၂-၀)ဂိုးဖြင့်
အနိုင်ရရှိခဲ့သောကြောင့်
ထိုင်းညွှန့်ပေါင်းအသင်းနှင့် ရမှတ်တူ ဂိုးကွာခြား အသာနှင့်
ဖိုင်နယ်ပွဲစဉ်သို့
တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကိုမူ
တိုက်စစ်မှူးကျော်ကိုကိုနှင့် စိုးကျော်ကျော်တို့က ပွဲချိန်(၁၅)မိနစ်နှစ်
(၈၉)မိနစ်များတွင် ခေါင်းတိုက် သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
FROM-YANGON MEDIA GROUP
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...