သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

ယာဉ်ထိန်းရဲအား စကေဘာဖြင့်ထိုးသူ ဖမ်းမိရေး နယ်စပ်ထွက်ပေါက်များထိ ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေးနေ

တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲအားစကေဘာဖြင့်ထိုးသွား သူ၏ ပုံကို နယ်စပ်ဂိတ်ပေါက်များသို့ ပို့ကာ ဖမ်းဆီးနိုင်ရေး ပိုက်စိတ်တိုက် ဆောင် ရွက် လျက်ရှိကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
သြဂုတ်လ ၂၉ ရက်နေ့က တာမွေ မြို့နယ်တွင် ခရီးသည်တင်ယာဉ်လိုင်း ယာဉ်မောင်းအား ယာဉ်ထိန်းရဲက ချ လန် ဖြတ်အရေးယူမှုအပေါ် အဆိုပါ ယာဉ်မောင်းက စကေဘာဖြင့် ထိုးပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သူကို ဖမ်းဆီး ရမိရန် ထိုကဲ့သို့ ဖြန့်ဝေလိုက်ခြင်း ဖြစ် သည်ဟု ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး အဆင့်ရှိသူ တစ်ဦးက ဆိုသည်။

”ကျူးလွန်သူက ရန်ကုန်ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် သက်ဆိုင်ရာနယ်မြေရဲတွေနဲ့ပါ ပူးပေါင်း နေပါပြီ”ဟု ၄င်းက ပြောသည်။

အမှုကို တာမွေ မြို့မရဲစခန်းက (ပ) ၃၇၉/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၄/ ၃၃၃/၅ဝ၆တို့ဖြင့်အမှုဖွင့်ထားပြီး တရားခံ ဖမ်းနိုင်ရေးအား ဌာနအကြီးအကဲတို့က အောက်ခြေကို ဖိအားပေးထားသည်ဟု သိရသည်။

ကျူးလွန်သူက ကျူးလွန်ပြီးချင်း တက္ကစီပေါ်တက်ပြေးသွားကာ ရဲက ထို တက္ကစီကို ဖော်ထုတ်နိုင်ခဲ့ပြီး ကွင်းဆက် လိုက်နေသည်ဟု ရဲတပ်ဖွဲ့ဌာနချုပ်က ဆိုသည်။

ယာဉ်ထိန်းရဲအား ယာဉ်မောင်းက တိုက်ခိုက်မှုပြုပြီး နောက်ပိုင်း ယာဉ် စည်းကမ်းထိန်းသိမ်းမှု အဖွဲ့ထဲတွင် လက်နက်ကိုင် လုံခြုံရေးရဲများ ထည့် သွင်းရန် ရဲတပ်ဖွဲ့က စီစဉ်ခဲ့သည်။

လက်ရှိ မှုခင်းဖြစ်စဉ်များအရ ယာဉ်ထိန်းရဲများအပြင် ပြည်သူ့ရဲများပါ တိုက်ခိုက်မှု ခံနေရ၍ အမှုဖွင့်ထား ကြောင်း သိရသည်။


From : ..popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D