ရုရှားနိုင်ငံအနေဖြင့်ဆီးရီးယားနိုင်ငံသို့ခေတ်မီလေယာဉ်ပစ်လက်နက်စနစ်များထောက်ပံ့ပေးသွားမည်မဟုတ်ကြောင်းသမ္မတဗလာဒီမာပူတင်အပါအဝင်ရုရှားတာဝန်ရှိသူများကပြောကြားခဲ့သော်လည်းရုရှားနိုင်ငံသည်၎င်း၏S300လေကြောင်းရန်ကာကွယ်ရေးဒုံးတပ်ခွဲများကိုဆီးရီးယားနိုင်ငံသို့လွှဲပြောင်းပေးခဲ့ကြောင်းကူဝိတ်နိုင်ငံထုတ်သတင်းစာတစ်စောင်ကစက်တင်ဘာ၁ဝရက်တွင်ဖော်ပြခဲ့သည်ဟုအင်တာနက်သတင်းတစ်ရပ်အရသိရသည်။ရုရှားသမ္မတပူတင်ကဒုံးစနစ်များလွှဲပြောင်းရေးနှင့်ပတ်သက်၍ဆီးရီးယားနှင့်တရားဝင်ဆွေးနွေးထားသော်လည်းလွှဲပြောင်းပေးရေးသဘောတူစာချုပ်ကိုမူချုပ်ဆိုရခြင်းမရှိသေးကြောင်းဇွန်လကပြောကြားခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့်ဆီးရီးယားနိုင်ငံသို့အဆိုပါဒုံးစနစ်များထောက်ပံ့မှုမပြုလုပ်စေလိုကြောင်း၊ထိုသို့ထောက်ပံ့
ခြင်းအားဖြင့် အစ္စရေးနှင့် ဆီးရီးယား နိုင်ငံတို့အကြား လေကြောင်း စွမ်းအား
ညီမျှမှုကို အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း၊ ရုရှားနိုင်ငံ အနေဖြင့်
ထိုသို့ လွှဲပြောင်းပေးမှုများ ပြုလုပ်သွားမည် မဟုတ်ဟု
ယုံကြည်ကြောင်း၊သို့သော်မမျှော်လင့်သောအခြေအနေတွင်၎င်းပစ္စည်းများဆီးရီးယားသို့
ရောက်ရှိသွားပါက မိမိတို့ ဘာလုပ်ရမည်ကို သိရှိကြောင်း အစ္စရေး ကာကွယ်ရေး
ဝန်ကြီး မိုရှေယာလွန်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံလုပ် S-300
လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ၏ စွမ်းရည်သည် အမြင့် ၂၇ ကီလိုမီတာ (၁၆
မိုင်) နှင့် အကွာအဝေး ၂ဝဝ ကီလိုမီတာ (၁၂၅ မိုင်) အတွင်းရှိ ပစ်မှတ် ၁၂
ခုကို တစ်ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...