လမ်းတံတားတွေ ဖျက်စီးတာ ရပ်ပါလို့ရော
ဘာ့ကြောင့် မအော်ရတာလဲ ။
တပ်မတော်က ထိုးစစ် ဆင်ခဲ့တာ မဟုတ်ဘူး
ငြိမ်းချမ်းရေး အတွက်လက်ကမ်းခဲ့တာ ။
နိုင်ငံ ၁ နိုင်ငံရဲ့ တပ်မတော်ဆိုတာ ၁ ခုပဲ ရှိတယ် ။
ဒီလိုပဲ နိုင်ငံ အတွက် အလုပ်လုပ်ဖို့
နယ်ခြားစောင့်တပ်ရယ်လို့ ဖွဲ့စည်းပေးဖူးတယ် ။
လက်တွဲခေါ်တယ် ၊ ခေါင်းခါပြတယ် ။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့
စားပွဲပေါ် ဆွဲခေါ်ဖူးတယ် ။
ပြုံးစစ မျက်နှာနဲ့ ခဏလာပြီး
စစ်ကိုဖန်တီးလေတယ် ။
ဘယ်သူမှားလဲ ဘယ်သူမှန်လဲ .... ?
မင်းတို့ သတ်မှတ်ထားတဲ့
အာဏာရူး စစ်ဘီးလူး ဆိုတဲ့
မြန်မာ့ တပ်မတော်က
သုံ့ပန်းကို ကိုယ်စားမဲ့ အစာထဲက ၁ ၀က်ခွဲလို့ ကျွေးပြီး လမ်းမှာ မိုင်းမနင်းဖို့
ကာကွယ်စောင့်ရှောက် ခေါ်လာဖူးတယ် ။
မင်းတို့ ဖျက်စီးခဲ့တဲ့ တာဝါတိုင်တွေ လမ်း၊တံတားတွေ ၊ရထားလမ်းတွေ လုံခြုံရေးယူပြီး ပြန်လည် ပြင်ဆင်ပေးတယ် ။
ဘာလုပ်မှာလဲ ... ?
ငြိမ်းချမ်းရေးလား ၊ ခွဲထွက်ရေးလား ၊ တိုင်းပြည် ပျက်စီးရေးလား ... ?
မင်းတို့လိုချင်တာက ဘာလဲ ..... ?
လူသတ် ပစ္စည်း ဖျက်စီး ဘိန်းဖြန့်ဖို့လား ... ။
ဒါဆိုရင်တော့ တို့ တပ်မတော်လက်မခံနိုင်ဘူးနော် ။
တပ်မတော်မှ မဟုတ်ဘူး တစ်တိုင်းပြည်လုံး လုံးဝ ( လုံးဝ ) လက်မခံနိုင်ဘူးဆိုတာ မင်းတို့ သိလျှက်ပါ။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...