သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 13, 2013

သတင်းတွေကို Website တင်မယ့် အသည်းကွဲဖြူဖြူ

သုံးခွေမြောက် တစ်ကိုယ်တော် “မိန်းကလေးတစ်ယောက် အသဲကွဲနေတယ်” ဒီဗီဒီခွေ ထွက်ရှိမည့် စက်တင်ဘာ ၂၁ရက်တွင် ၄င်း၏ နောက်ဆုံး သတင်းများကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း ဖြူဖြူကျော် သိန်းက ပြောသည်ဟု သိရသည်။

“ဖြူဖြူရဲ့ အခွေထွက်တဲ့ရက်မှာပဲ www.phyuphyukyawthein.com ကို တရားဝင် လွှင့်တင်မှာ ဖြစ်ပါတယ်။ ဖြူဖြူရဲ့ သတင်းတွေ၊ အချက်အလက်တွေ နောက်ဆုံးဖြစ်တဲ့ သတင်းတွေကို မီဒီယာတွေက ညီအစ်ကို မောင်နှမတွေကို အသိပေးရုံတင်မကပဲ မြန်မာပြည်ရဲ့ မြေခြား ဘယ်နေရာမှာပဲရှိတဲ့ ပရိသတ်မှန်သမျှ အကုန်လုံးကို အွန်လိုင်း ကနေပြီးတော့ ဖြူဖြူ ဘာဖြစ်နေပြီလဲဆိုတာကို သိရအောင်လို့ ဒီဝက်ဘ်ဆိုက်ကနေ တင်မှာဖြစ်ပါတယ်”ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

“မိန်းကလေးတစ်ယောက် အသဲကွဲနေတယ်” ဒီဗီဒီခွေတွင် ၄င်းကိုယ်တိုင် အပုဒ်တိုင်း ပါဝင်သရုပ်ဆောင်ထားပြီး သီချင်းရိုက်ကူးမှု အပုဒ်တိုင်းတွင် ဖက်ရှင်ကို ဦးစားပေးထားတာ ဒါရိုက်တာ သုံးပေါင်တစ်ဦးတည်းက ရိုက်ကူးပေးထားသည်ဟု ဆိုသည်။ “ငှက်ကလေး”သီချင်းကို မိုဟေကိုက အရမ်းကြိုက်နှစ်သက်ပြီး ကိုယ်တိုင်ခံစားရသည့်အတွက် ၄င်းသီချင်း ကို မေတ္တာဖြင့် ရိုက်ကူးပေးထားကြောင်း၊ အန္တရာယ် ကြောင်မလေးသီချင်းကို ရဲတိုက်၊ ကြောင်နှစ်ဒါဇင်တို့နှင့် ရိုက်ကူးထားသောကြောင့် ရဲတိုက် ပရိသတ်များ အမှတ်တရ ဖြစ်စေမည့် သီချင်းဖြစ်ကြောင်း ဖြူဖြူကျော်သိန်း က ပြောသည်။

“ကျွန်မ ဖြူဖြူကျော်သိန်း အသည်းကွဲနေပါတယ်။ ဘယ်သူ့ကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘယ်တုန်းကလဲ၊ ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ သိချင်တယ် ဆိုရင်တော့ “မိန်းကလေးတစ်ယောက် အသဲကွဲနေတယ်”ဒီဗီဒီခွေကို ဖန်သားပြင်မှာ စောင့်မျှော်ကြည့်ရှု ပေးပါလို့”ဟု ၄င်းက ပြောသည်။

Myanmar ICT

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D