သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

အမျိုးသားတစ်ဦး လည်ပင်းကို ဓားဖြင့်လှီး၍ သေကြောင်းကြံ

စက်တင်ဘာလ ၁၃ ရက်
အမျိုးသားတစ်ဦး မိမိလည်ပင်းကို ဓါးမဖြင့်လှီးပြီးသေကြောင်း ကြံစည်ခဲ့သဖြင့် မြောက်ဥက္ကလာပ
ရဲစခန်းက အမှုဖွင့်ပြီး ထိုသူကိုအရေးယူရန် လုပ်ဆောင်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး
ရုံးမှ သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ ရက်က ဖြစ်ပွား ခဲ့သည့် ထို အမှုတွင် သေကြောင်း ကြံစည်သူမှာ အသက် ၃၃ နှစ်
အရွယ်ရှိ သံပန်း သံတံခါးလုပ်သည့် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် နေအိမ်နောက်ဖက်ခန်းတွင်
သူ့လည်ပင်းကိုသူ အိမ်သုံးဓားမဖြင့် လှီးဖြတ်၍ သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စကို ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် သေကြောင်းကြံစည်သူ၏ ညီဖြစ်သူက ရဲစခန်းသို့ ဖုန်းဖြင့်
ဆက်သွယ် သဖြင့် ရဲများကသိရှိခဲ့ပြီး သွားရောက်စစ်ဆေးခဲ့ကြသည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရ
သည်။

ထိုသူသည် အရက်အလွန်အကျွံ သောက်သုံးတတ်ပြီး အရက်သောက်များသည့်အခါ မိမိကိုယ်ကို သေ
ကြောင်းကြံမည် ဟု ပြောဆိုလေ့ရှိကြောင်း မိသားစုဝင်များထံမှ ရဲများက မေးမြန်းသိရှိရသည်ဟု ဆို
သည်။

ယင်းသို့ ကြံစည်ခဲ့မှုမှာလည်း ၎င်းကိုအရက်မသောက်ရန် မိသားစုက တားမြစ်သည်ကို စိတ်ညစ်၍
သေကြောင်း ကြံစည်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲဌာနက အတည်ပြုထားပါသည်။

သေကြောင်းကြံစည်သူသည် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်သာရရှိကာ သွေးများထွက်နေ၍
ရဲဆေးစာဖြင့် မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာအဖြစ် ပို့ဆောင်ကုသနေရာ ဒဏ်ရာမှာ
လည်း မစိုးရိမ်ရကြောင်း ရဲဌာနကဆိုထားပါသည်။

ထိုကိစ္စကို အရေးယူရန် ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းက အမှုအမှတ် (ပ)
၄၇၇/၂၀၁၃ ဖြင့် အမှုဖွင့်ကာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၉ မိမိကိုယ်ကိုသတ်ရန် ကြံစည်မှုဖြင့် တရား
စွဲရန် ဖမ်းဆီးစစ်ဆေး သွားမည်ဟုလည်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D