သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

ဗိုလ်ဇော်မျိုးထက်နှင့် တပ်မတော်သားအချို့ အကြမ်းဖက်သတ်ဖြတ်ခံရမှု ကေအိုင်အေထံ အစိုးရ ဖြေရှင်းချက်တောင်းပြီ

 ကချင်ပြည်နယ်ပူတာအိုခရိုင်မချမ်းဘောမြို့အနီးတွင်တပ်မတော်နှင့် ကေအိုင်အေတို့သြဂုတ်လ၂၈ရက်နေ့ကတိုက်ပွဲဖြစ်ပွားစဉ်လူစုကွဲပြီးဖမ်းဆီးခံရသည့်အမှတ်(၁၃၇)ခြေလျင်တပ်ရင်းမှဗိုလ်ကြီးဇော်မျိုးထက်ကိုကေအိုင်အေကသတ်ဖြတ်မှုအပေါ်အစိုးရက ကေအိုင်အေထံ ဖြေရှင်းချက် တောင်းဆိုထားကြောင်းနိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ပြောကြားသည်။

ယင်းတိုက်ပွဲတွင် ဗိုလ်ကြီးနှင့် အခြားစစ်သည်နှစ်ဦး ကျဆုံးသည်မှာ မှန်ကန်ပြီး ယင်းကိစ္စ တွင် တာဝန်ရှိသူကို ကေအိုင်အေက ဖော်ထုတ် အရေး ယူပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ မှတစ်ဆင့် တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားဝင် ပြန်ကြား ချက် မရရှိသေးဘဲ မီဒီယာ တချို့ တွင် ငြင်းချက် ထုတ် ရေးသားထား သည်ကို တွေ့ရကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သဘောတူထားသည့် ကေအိုင်အေ၏ သတ် မှတ်နေ ရာ ပြင်ပသို့ ကေအိုင်အေအဖွဲ့ တစ်ဖွဲ့ ဆက်ကြေး လာကောက် သည်ဆိုသည့် သတင်းအရ ဗိုလ်ဇော်မျိုးထက်အပါ အဖွဲ့ဝင် ၁၄ ဦးပါသည့် တပ်မတော် စစ်ကြောင်းက သွားရောက် စစ်ဆေးစဉ် ကေအိုင်အေက မိုင်းခွဲ၍ ချုံခိုတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဇော်မျိုးထက် လက်မောင်းတွင် ဒဏ်ရာရရှိ ကာ လူစုကွဲပြီး အနီးနား ရွာတစ်ရွာသို့ ၃၀ ရက်နေ့ တွင် ရောက်ရှိ ရာ ကေအိုင်အေအဖွဲ့က လာရောက် ဖမ်းဆီးကြောင်း၊ ဒဏ်ရာဖြင့် အသက် ရှင်လျက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရွာအပြင် တောတွင်း၌ ခေါင်းဖြတ်သတ် ခဲ့ခြင်း ဖြစ်ကြော င်း ဦးရဲထွဋ်က ရှင်းပြသည်။

“တပ်က ပြန်လိုက်ရှာတဲ့အခါ ခေါင်းပြတ်နေတဲ့ ဗိုလ်ကြီးရဲ့ အလောင်း ကိုတွေ့တော့ သေချာသင်္ဂြိုဟ်ပေးခဲ့တယ်။သူတို့ကဒီတိုင်းမြေနဲ့ယက်ပြီးဖုံးပစ်ခဲ့တာ”ဟု ၎င်းကဖွင့်ဟသည်။

ယင်းလုပ်ရပ်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် လိုက်နာရ မည့် စည်းမျဉ်းစည်းကမ်းများနှင့် လုံးဝကိုက်ညီမှု မရှိဘဲ တိုက်ပွဲများ အရှိန်လျှော့ ချရန် သဘောတူထားချိန်တွင် မိမိနယ်မြေ ပြင်ပကို လာရောက် ပြီး ယင်းသို့ တိုက်ခိုက်ခြင်းမှာ မသင့်လျော်သည့် လုပ်ရပ် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဗိုလ်ကြီးမျက်နှာက ရစရာမရှိဘူး။ ဓားနဲ့မွှန်းထားတယ်။ ပြီးတော့ ဗိုက်ထဲ ကို ခေါင်းထည့်ထားတယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲဖြစ်သည့်နေရာမှာ ကေအိုင်အေနယ်မြေမဟုတ်သည့်အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်သည့် ဆက်ကြေး ကောက်ခံမှု မျိုး မပြုလုပ်ရန် သဘော တူညီချက်ကို ချိုးဖောက်ကြောင်း၊ ထို့အပြင် ယင်းသို့ လူမဆန်သည့် သတ်ဖြတ်မှုမှာငြိမ်းချမ်းရေးကိုလွန်စွာထိခိုက် နစ်နာစေသည့်လုပ်ရပ်ဖြစ်သည့် အတွက်ကေအိုင်အေအဖွဲ့ ၏ ဖြေရှင်း ချက်ကို စောင့် ကြည့်တုံ့ပြန် သွားမည် ဖြစ်ကြောင်း၎င်းကထပ်လောင်း ပြောကြားသည်။

ယင်းကိစ္စကို ကေအိုင်အိုသို့ဆက်သွယ် မေးမြန်းရာ ကေအိုင်အေအနေနှင့်ယင်းသို့ သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ကေအိုင်အို/ကေအိုင်အေ အဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရက တရားဥပဒေ ဘောင် အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစ်ကြီးနား တွင် မေလ ၃၀ ရက်နေ့ က နှစ်ဖက် သဘောတူညီထားချက်များ အရ နှစ်ဖက်တိုက်ပွဲများ ထိန်း သိမ်းလျှော့ချရန်သဘောတူထားကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှအကြီးတန်း အကြံပေးတစ်ဦးက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကေအိုင်အို/ကေအိုင်အေကိုယ်စားလှယ်အဖွဲ့တို့စက်တင်ဘာလ၁၆ရက်နေ့မှ၁၇ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန်စီစဉ်ထားပြီးတစ်နိုင်ငံလုံးအဆင့်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်းအဆိုပါ လုပ်ငန်းကော်မတီက ပြောကြားထားသည်။


From: The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D