သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

ဒု ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးမောင်အေး နာရေးသတင်း အင်တာနက် ပျံ့နှံ့

ကုလသမဂ္ဂမှ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊
ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့်
အတူ တွေ့ရစဉ်
ရန်ကုန်၊ စက်တင်ဘာ ၁၂
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာ
ကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တာ
ဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး ကွယ်လွန်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့၌
အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်
အေးနာရေးသတင်းထွက်ပေါ်မှုကြောင့် ယခင်အစိုးရလက်ထက်တွင် ဦးမောင်အေးကို ဖိန့်ဖိန့်တုန်အောင်
ကြောက်ရွံ့ နေခဲ့ကြရသည့် တပ်အရာရှိကြီး/ငယ်များ ဦးမောင်အေးနှင့် အဆင်မပြေသော စီးပွားရေးခရို
နီများ အတွင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် အလျင်အမြန် ပျံ့နှံ့ ပြောကြားခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင် တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ““ရန်ကုန်
မြို့မှာ ရှိပါတယ်၊ ကျန်းမာရေးက စင်ကာပူက ပြန်လာတဲ့ အတိုင်းပါပဲ။ အဘအေး ဆုံးပြီဆိုလို့ ဖုန်းဆက်
မေးကြတာ အများအပြား ရှိပါတယ်။ မဟုတ်ပါဘူး။ လူကြီးက အသက်အရွယ်နဲ့ ကျန်းမာရေး မကောင်း
တော့ … ဒီလိုပဲ ထင်တတ် ကြပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကလည်း ရောဂါသည်း၍ ဦးမောင်အေးအား စင်ကာပူသို့ ဆေးကုရန် ပို့
ဆောင်လိုက်ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ရာ “အဘအေးသွားတာ မဟုတ်ပါဘူး၊ အန်တီ ဒေါ်မြမြ
စန်း (ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ဇနီး) သွားတာပါ၊ အခု ရန်ကုန် ပြန်ရောက်နေပါတယ်”ဟု ဦး
မောင်အေး၏ မိသားစုဝင်က မြန်မာသံတော်ဆင့်သို့ ရှင်းလင်း ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးသည် စစ်အစိုးရ သက်တမ်းတစ်လျှောက် တပ်မတော် အရာရှိများ
အားလုံး ကြောက်ရွံ့ ခဲ့ကြရပြီး၊ DSA အပတ်စဉ် (၁) ဆင်းဖြစ်၍ DSA ဆင်း အရာရှိများကို ရာထူးတိုးမြှင့်
ခြင်း၊ နေရာ ကောင်းများပေးခြင်း၊ ၎င်းတို့အပေါ် သည်းခံ ခွင့်လွှတ်တတ်ခြင်းများရှိ ၍ DSA ဆင်း အရာရှိ
ကြီးများ အားလုံးလိုလို ကြောက်ရွံ့ ရိုသေခြင်း ခံခဲ့ရကြောင်း တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးက
မြန်မာသံတော် ဆင့်သို့ပြောသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးနှင့် နိုင်ငံရေးအရ အဆင်မပြေဟု သတင်း ထွက်ပေါ်နေသော
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သြဇာ
ပိုမိုကြီးမားလာကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူ၍ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး
ခေါင်းဆောင် နေရာယူရန် သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ဦးမောင်အေးသည် ယခင် လမ်းစဉ်ပါ
တီအစိုးရ ဒုတိယ ခေါင်းဆောင် (သမ္မတ-ငြိမ်း) ဗိုလ်ချုပ်ကြီး စန်းယုက လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်
ကြီး နေ၀င်းကို သြဇာခံ၍ နောက်ဆုံး အတူတူ နုတ်ထွက်သည်အထိ တာဝန်ထမ်း ဆောင်သကဲ့သို့ နေ
ထိုင်သွားခဲ့သည်။ နယကအစိုးရမှ အစိုးရသစ်နှင့် ပြည်ထောင်စုလွှတ်တော်သို့ အာဏာ လွှဲပြောင်းပြီး
နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ တာဝန်များမှ အ
ငြိမ်းစားယူခဲ့သည်။

ယခုအခါ ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးသည် ၇၅ နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဗိုလ်ချုပ်
မှူးကြီး(ငြိမ်း) ဦးသန်းရွှေသည် ၈၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့် ရင်းနှီးသူ တစ်ဦးက မြန်မာသံ
တော်ဆင့်သို့ ပြောသည်။

Myanmartandawsint Newspaper

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D