ဖလော်ရီဒါပြည်နယ်မှရတနာပစ္စည်းများရှာဖွေသူမိသားစုသည်လွန်ခဲ့သောသီတင်းပတ်ကုန်ကဒေါ်လာသုံးသိန်းခန့်တန်ဖိုးရှိသောရွှေထည်ပစ္စည်းများအားသင်္ဘောပျက်တစ်ခုအတွင်းမှရှာဖွေတွေ့ရှိခဲ့ကြသည်။ရစ်ခ်နှင့်လီစာရှမစ်၊၎င်းတို့၏အရွယ်ရောက်ပြီးသောသားများဖြစ်ကြသည့်ဟီလာရီနှင့်အဲရစ်တို့သည်၁၇၁၅
ခုနှစ်က ကျူဘားနိုင်ငံဟားဗားနားမြို့မှစပိန်နိုင်ငံသို့
သွားရောက်သည့်ခရီးစဉ်တွင် ဖလော်ရီဒါကမ်းခြေ၌ ဟာရီကိန်း
မုန်တိုင်းဒဏ်ကြောင့်နစ်မြှုပ်ခဲ့သည့်သင်္ဘော၁၁စီးတွင်အပါအ၀င်ဖြစ်ခဲ့သောသင်္ဘောတစ်စီးမှရွှေဆွဲကြိုးများနှင့်ရွှေဒင်္ဂါးများကို
တွေ့ရှိခဲ့ကြရခြင်းဖြစ်သည်။
ထိုသင်္ဘောများပေါ်တွင် ဒေါ်လာသန်း ၄၀၀ ဖိုးရတနာ များပါရှိသွားခဲ့ပြီး
ယခုချိန်အထိ ဒေါ်လာ ၁၇၅ သန်းဖိုးပြန်လည် ဆယ်ယူရရှိခဲ့ပြီးဖြစ်သည်။
ရှမစ်မိသားစုသည် ရတနာ ပစ္စည်းများအား နှစ်ပေါင်းများစွာ
ရှာဖွေခဲ့ကြပြီးအဲရစ်ရှမစ်သည်၎င်း၏အထက်တန်းကျောင်းသားဘ၀၂၀၀၂ခုနှစ်ကငွေထည်ပစ္စည်းဒေါ်လာနှစ်သောင်းခွဲ
ဖိုးခန့်ရှာဖွေတွေ့ရှိခဲ့သည်။
အမေရိကန်နှင့် ဖလော်ရီဒါ ပြည်နယ် ဥပဒေအရ တွေ့ရှိရ သော ရတနာ
ပစ္စည်းများအား ဖလော်ရီဒါပြည်နယ်တောင်ပိုင်း ရှိ ခရိုင်တရားရုံး၌ထိန်း
သိမ်းထားမည်ဖြစ်ပြီး ပစ္စည်း၏ ၂၀%အား ပြည်နယ်ပြတိုက်တွင်ပြသထားရှိ ကာ
ကျန်ပစ္စည်းများအား ပစ္စည်းရှာဖွေတွေ့ရှိသူနှင့် ကန်ထရိုက်ပေးသည့် ကုမ္ပဏီတို့
က ခွဲဝေယူကြရမည်ဖြစ်သည်။
Hot News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...