သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့ အမြင်ချင်း မတူဘူးလို့ ဆိုတဲ့ စံရတီမိုးမြင့်

တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့ အမြင်ချင်း မတူဘူးလို့ဆိုတဲ့ စံရတီမိုးမြင့် လူသန်းပေါင်း ခြောက် ဆယ်ထဲမှာ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။
အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ်ရည် ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့က ဘယ်လို အကြောင်း အရာတွေပေါ်မှာ အသေးစိတ်အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။


ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အောင်မြင် လာတယ်လို့ ထင်လဲ

ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အောင်မြင်လာတယ် ထင်လဲဆိုရင် အဓိက ပရိသတ်တွေ အားပေးလို့ပါ။ ပရိသတ် အားပေးလို့ အနုပညာရှင် ဆိုတာဖြစ် လာတာပါ။

ကိုယ့်ကို ပရိသတ်တွေ ဘာကြာင့်ကြိုက်

တချို့က ဒီကြော်ငြာပိုင်းမှာကတည်းက ကြိုက်လာကြတယ်။ တချို့က သရုပ်ဆောင်လုပ်တော့မှ ကြိုက်လာ ကြတယ်။ တစ်ယောက် နဲ့တစ်ယောက် အမြင်ချင်းတော့မတူဘူး။ တချို့က ချစ်စရာကောင်း လို့ကြိုက် တယ်။ တချို့က သရုပ်ဆောင်ကောင်းလို့ ကြိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြိုက်တဲ့ အမြင်ချင်း မတူတဲ့အတွက် တစ်သက်မတ်တည်း ပြောလို့ မရပါဘူး။

ဒိုင်ယာလော့ခ် ချပေးရင် လွယ်လွယ်နဲ့ ရတတ်သူလား

ဒိုင်ယာလော့ခ် ချပေးရင် ညီမ လွယ်လွယ်လေး ရပါတယ်။ ခက်ခက် ခဲခဲကြီးနှစ်ခေါက်ထက် ပိုပြီးတော့ ပြန်နား မထောင်ရဘူး။ ဒါရိုက်တာပြောလို့ ရှိရင်လေ။ အဲဒီအတွက်တော့ ကံကောင်းပါတယ်။

ခန္ဓာကိုယ်မှာ အလှဆုံးထင်တဲ့ အပိုင်း

ကိုယ့်ကိုယ်ကိုယ်တော့ သေချာမသိဘူးလေ။ သူများကြည့်ရင်တော့ ပိုသိမှာပါ။ ဒီမျက်နှာမှာဆိုရင်လည်း တော်တော်များများ စိတ်တိုင်းကျပါတယ်။ ဒါက ဘုရားပေးတဲ့ ဒီကိုယ်ခန္ဓာ၊ ဒီမျက်နှာကိုရထား ပြီးပြီဆိုတော့ ကိုယ်နဲ့ထိုက်လို့ကိုယ်ရတာပဲ။ ဘာမှ ကြိုက်တယ်၊ မကြိုက်ဘူးပြောစရာမလိုဘူးလို့ထင်ပါတယ်။

တစ်ယောက်တည်းနေရင် ဘာလုပ်တတ်လဲ

အိမ်မှာဆိုရင်တော့ ရုပ်ရှင်ကြည့်တယ်။ သီချင်းနားထောင်တယ်။ စာအုပ် ဖတ်တယ်။ အင်တာနက်သုံး တယ်။ ညီမမှာ လျှို့ဝှက်တတ်တဲ့အမူအကျင့်တော့ မရှိပါဘူး။ ဒါပေမဲ့ ငယ်ငယ်ကတည်းကလက်သည်းကိုက်
တတ်တယ်။

ရှုတင်မိတ်ကပ် လိမ်းရတာ ကြိုက်လား

ရှုတင် မိတ်ကပ်ကတော့ လိမ်းရတာပဲလေ။ ကာရိုက်တာအလိုက် မိတ်ကပ်လိမ်းရတဲ့ဟာက လိမ်းရတယ်။ မလိမ်းရတဲ့ ကာရိုက်တာဆိုလည်း မလိမ်းရဘူး။ ကြိုက်လား မကြိုက်ဘူးလား ဆိုတာမျိုး မရှိပါဘူး။ အိမ်မှာ နေလို့ပေါ့ပေါ့းပါးပါး ဆိုရင် မလိမ်းဘူး။ မလိမ်းရတာတော့ ကိုယ့်မျက်နှာအတွက် ပိုပြီးတော့ ကောင်း တယ်။ ကိုယ်လည်း နေရတာပိုပြီး သက်သက်သာသာ ရှိတယ်။ မိတ်ကပ်လိမ်းထားတော့ မျက်နှာပူနေတာတို့ မျက်နှာက ဟိုဟာလည်း အထိမခံနိုင်၊ ဒီဟာလည်း အထိမခံနိုင် ဖြစ်တော့ နည်းနည်းတော့ ဒုက္ခ ရောက် တယ်။ ရှုတင်တို့ ကားရိုက်တို့ မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်တော့ မိတ်ကပ် မလိမ်းပါဘူး။

8 DAYS A WEEK ENTERTAINMENT

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D