သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

အကိုက်အခဲ ပျောက်ဆေး အသုံးပြုလွန်း သူများ ပိုမိုခေါင်းကိုက်နိုင်

ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာကို ပျောက်ကင်းဖို့ အတွက် အကိုက်အခဲ ပျောက်ဆေး အသုံးပြုလွန်း သူတွေဟာ ပိုမိုခေါင်း ကိုက်နိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေး လိုက်ပါတယ်။ ခေါင်းကိုက်တာကို ထိထိရောက်ရောက် ကုသ နိုင်ဖို့ဟာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို မှန်ကန်စွာသိရှိပြီး သူနဲ့ လိုက်လျောညီထွေတဲ့ ကုသမှုကို ခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဆေ...းဝါး အသုံးပြုလွန်း တာကြောင့် ခေါင်းကိုက် တာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဗြိတိန်နိုင်ငံမှာ နေ့စဉ် အမျိုးသား တစ်သိန်းဟာ အကိုက်အခဲ ပျောက်ဆေး အသုံးလွန် တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ကိုဒင်း၊ ပါရစီတမော၊ အိုင်ဗျူပရိုဖင်နဲ့ အက်စပရင် ဆေးဝါး လိုမျိုး ဆေးတွေကို မကြာခဏ အသုံးပြုတာကြောင့် ခေါင်း ကိုက်တာ အကြိမ်ကြိမ်ဖြစ်ရတယ်လို့ သုတေသီတွေက အကြံ ပေးထားပါတယ်။ အကိုက်အခဲပျောက်ဆေးကို အသုံးပြုတာ များ တာကြောင့် ခန္ဓာကိုယ်ဟာလည်း ခံနိုင်ရည်ပိုရှိသွားတယ်လို့ ဆို ပါတယ်။ ဆေးကိုဖြတ်လိုက်ချိန်မှာ ဆေးရဲ့တန်ပြန်တုံ့ပြန်မှုကြောင့် Rebound Headache ရရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကိုက်အခဲ ပျောက်ဆေးကို အသုံးပြုလွန်း တာဟာ အာရုံကြော အတွင်း နာကျင်မှုအချက် သတင်းပေးပို့မှု အပေါ်မှာ သက်ရောက် မှုရှိတယ်လို့ သိရပြီး အမျိုးသမီးတွေဟာ ဒီပြဿနာဟာ အဖြစ် များတယ်လို့ ဆိုပါတယ်။
တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်လောက် အကိုက်အခဲ ပျောက်ဆေးသောက် တာဟာ ပြဿနာမရှိ လှပေမယ့် မကြာခဏ အသုံးပြုရင်တော့ ပြဿနာ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ Rebound Headache အတွက် တစ်ခုတည်းသော ဖြေရှင်းနည်းက ခေါင်းကိုက်တာ ဖြစ်စေတဲ့ ဆေးဝါး အသုံးပြုမှုကို ရပ်တန့် လိုက်တာပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 
 
BY GOOD HEALTH

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D