
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုအများဆုံးဖြစ်ပွားသောမြို့ နယ်များထဲတွင် မန္တလေးခရိုင် ခုနှစ်မြို့ နယ်မှ
ခြောက်မြို့နယ်ပါဝင်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က မြန်မာနိုင်ငံ လူကုန်ကူးမှု
တိုက်ဖျက်ရေးနေ့  အခမ်းအနားတွင် ပြောကြားသည်။
တစ်နိုင်ငံလုံးဆိုင်ရာ လူကုန်ကူးမှုဖြစ်စဉ်များကို လေ့ လာကြည့်ရာတွင် မြို့ နယ်ပေါင်း ၃၃၀ တွင်း ၁၁၉
မြို့ နယ်၌ လူကုန်ကူးမှုဖြစ်ပွားပြီး ၄၂ မြို့နယ်မှာ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။
၎င်းမြို့ နယ် ၄၂ မြို့ နယ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မန္တလေးခရိုင် ၇ ခုမှ အောင်မြေသာစံမြို့
နယ်၊ ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်မြို့ နယ်၊ မဟာအောင်မြေမြို့ နယ်၊ ပုသိမ်ကြီးမြို့ နယ်နှင့် အ
မရပူရမြို့ နယ်စသည့် ခြောက်မြို့ နယ်ပါဝင်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၀၆ခုနှစ်မှ ၂၀၁၃ ခုနှစ်သြဂုတ်လအထိ လူကုန်ကူးမှု ၁၂၀ ကိုဖော်
ထုတ်နိုင်ခဲ့ပြီး တရားခံကျား ၁၅၆ ဦး၊ မ၁၇၄ဦးကို အရေးယူနိုင်ခဲ့ပြီး ၎င်းအမှုများထဲမှ လူကုန်ကူးခံရသူ
ကျား ၁၉ ဦး၊ မ၂၃၈ဦး စုစုပေါင်း ၂၅၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လည်းသိရသည်။
“နယ်စပ်ဖြတ်ကျော်နိုင်ငံတွေထဲမှာတရုတ်နိုင်ငံကိုအပို့ ခံရတာများတယ်။ အဲလိုပို့ ခံရတာမှာလည်း အဓမ
္မထိမ်းမြားလက်ထပ်ဖို့ အတွက် မိန်းကလေးငယ်တွေကို ရောင်းစားကြတာ များတယ်”ဟု ၀န်ကြီးချုပ် ဦး
ရဲမြင့်က ပြောကြားသည်။
လူကုန်ကူးခြင်းဖြစ်စဉ်များတွင် တရုတ်နိုင်ငံသို့  ပေးပို့ ခြင်း ၈၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁၀ ရာခိုင်နှုန်း၊
မလေးရှားနိုင်ငံသို့ ၆ ရာခိုင်နှုန်းနှင့် ပြည်တွင်း ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
လူလူ
The Myanma Age by မြန်မာ့ခေတ်


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...