ဆီးရီးယားနိုင်ငံအနေဖြင့်ဓာတုလက်နက်ပစ္စည်းများကိုစွန့်လွှတ်ရန်နှင့်နိုင်ငံတကာဆိုင်ရာဓာတုလက်နက်အဖွဲ့အစည်းနှင့်ပူးပေါင်းရန်အဆင်သင့်ရှိနေကြောင်းဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဝါလစ်မူအဲလန်ကစက်တင်ဘာ၁ဝရက်တွင်ပြောကြားသည်။မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်သည့်ရုရှားနိုင်ငံ၏ကမ်းလှမ်းမှုနှင့်အတူဆီးရီးယားနိုင်ငံသည်ဓာတုလက်နက်ပစ္စည်းများကိုလုံးဝစွန့်လွှတ်သွားမည်ဖြစ်ကြောင်း၊မိမိတို့၏ဓာတုလက်နက်စက်ရုံများနှင့်ဓာတုလက်နက်များထုတ်လုပ်မှုကိုရပ်တန့်မည်ဟူသောကြေညာချက်ကိုလည်းမကြာမီအချိန်ကာလတွင်
ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဝါလစ် က ပြောကြားခဲ့သည်။
ထို့အပြင် ရုရှား၊ ကုလသမဂ္ဂနှင့် အခြား နိုင်ငံ
များမှ ရောက်ရှိ လာသော ကိုယ်စားလှယ်များ ကို မိမိတို့၏ ဓာတု လက်နက်
စက်ရုံများအား ပြသရန်အတွက် အဆင်သင့်ရှိ ကြောင်း၊ စက်တင်ဘာ ၁ဝ ရက်တွင်
Al-Mayadeen pan- Arabic ဂြိုဟ်တု သတင်းဌာနနှင့် ပြုလုပ်သော
တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ဝါလစ်က
ပြောကြားခဲ့ခြင်းဖြစ်သည်။ဝါလစ်၏အဆိုပါပြောကြားချက်သည်ဆီးရီးယားနိုင်ငံအနေဖြင့်ယခုသီတင်းပတ်အဆုံးတွင်
၎င်းတို့၏ ဓာတု လက်နက်များကို နိုင်ငံ
တကာ၏ ထိန်းချုပ်မှု အောက်တွင် ထားရှိ ခဲ့ပါက ယင်းနိုင်ငံ အပေါ်
တိုက်ခိုက်မည့် ရည်ရွယ်ချက်ကိုလည်း ပြန်လည် စဉ်းစား သွားမည်
ဟူသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၏ ကမ်းလှမ်း
ချက်ကို လက်ခံရန် ဆီးရီးယားအစိုးရကို ရုရှားနိုင်ငံအနေဖြင့် တိုက်တွန်း
သွားမည်ဟု စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သော ရုရှား နိုင်ငံခြားရေး
ဝန်ကြီး ဆာဂျီလက်ရော့ဗ်၏ ပြောကြားချက် ပြီးနောက် ထွက်ပေါ်လာခြင်း
ဖြစ်သည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...