အော်ပရာစီစစ်ဆင်ရေးတစ်ကျော့ပြန်စပြီ။
မေလကုန်နှင့် ဇွန်လဆန်းတို့တွင် မြန်မာနိုင်ငံသား ခြောက်ဦးခန့်
သေဆုံးခဲ့သည့် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က တရားမဝင် နိုင်ငံခြားသား
များကို ဖမ်းဆီးခဲ့ရာ မြန်မာ ၁၀၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး
နှစ်လကျော်အကြာ တစ်ကျော့ပြန်လာသည့် စစ်ဆင်ရေးသည် သိန်းဂဏန်းခန့် ရှိသည့်
တရားမဝင် မြန်မာလုပ်သားများ၏ ဘဝလုံခြုံရေးအတွက် နောက်ထပ် ထိုးနှက်ချက်
တစ်ရပ် ဖြစ်
လာသည်။
အဖမ်းအဆီးကြမ်းမည်ဟုသတိပေးထားသည့်ယင်းစစ်ဆင်ရေးကို
Ops6p ဟု အမည်ပေးထားပြီး စက်တင်ဘာလ ၁ ရက် နေ့မှ စတင်ကာ ကွာလာလမ်ပူ၊
ဂျိုဟိုး၊ ပီနန်း၊ ဆလမ်ဂေါ အပါအဝင် တရားမဝင်
နိုင်ငံခြားသားများ နေထိုင်ရာနေရာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် နေရာ
အနှံ့တွင် ပိုက်စိပ်တိုက်ပြုလုပ်ခဲ့ရာ မြန်မာအလုပ်သမား၆၀၀
နီးပါးဖမ်းဆီးခံခဲ့ရကြောင်း စက်တင်ဘာလ ၄ ရက်နေ့က မလေးရှား နိုင်ငံသတင်း
များတွင် ဖော်ပြသည်။
ယင်းစစ်ဆင်ရေးကို လူဝင်မှုကြီး ကြပ်ရေးက ဦးဆောင်၍ ရဲတပ်ဖွဲ့၊ စစ်တပ်၊
ပြည်သူ့စစ်၊ မီးသတ် စသည့် အင်အား ၁၃၅,၀၀၀ အသုံးပြု၍ စစ်ဆင်ရေး
ဆင်နွှဲခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် ရာဇဝတ်မှုများ ဖြစ်ပွားနှုန်း မြင့်တက်လာပြီး ယင်း
ရာဇဝတ်မှုများတွင် တရားမဝင် နိုင်ငံခြားသားများ ပါဝင်မှု မြင့်တက်
လာကြောင်း၊ တရားမဝင်လုပ်သားအရေအတွက်လည်း မြင့်မား
လာခြင်းကြောင့် လုံခြုံရေး အခြေအနေအရ စိုးရိမ်မှတ်ကို ရောက်ရှိလာခြင်း
တို့ကြောင့် တရားမဝင် နိုင်ငံခြားသားများကို နှိမ်နှင်းခြင်းဖြစ်ကြောင်း
မလေးရှားအစိုးရကပြောဆိုထားသည်။အော်ပရာစီကိုတစ်နှစ်တစ်ကြိမ်ထက်မနည်းလုပ်ဆောင်လေ့ရှိသော်လည်းယခုတစ်ကြိမ်တွင်ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်မည်သတင်းများထွက်ပေါ်နေပြီးဖမ်းဆီးရမိသူများကို
တရားမဝင် နိုင်ငံခြားသားများ ထိန်းသိမ်းရေးစခန်းများသို့
တိုက်ရိုက်ပို့မည်ဖြစ်ကာ ယင်းမှတစ်ဆင့် နေရပ်
ကို ပြန်ပို့မည်ဖြစ်ကြောင်း မလေးရှားအစိုးရက ကြေညာထားသည်။
ယခုနှစ် အကုန်ထိ ပြုလုပ်မည့် ယင်း စစ်ဆင်ရေးတွင် တရားမဝင် နိုင်ငံခြား
သား လေးသိန်းကို ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်း နိုင်ငံခြားသားများကို
လက်ခံထားသည့် အလုပ်ရှင် ၄၅,၀၀၀ ကို
ဖမ်းဆီးအရေးယူနိုင်ရန်ရည်မှန်းထားကြောင်းမလေးရှားသတင်းများတွင်ဖော်ပြသည်။မလေးရှားနိုင်ငံရောက်
မြန်မာ လုပ်သားများ အရေးကို နှစ်နိုင်ငံ ညှိနှိုင်း ဖြေရှင်းရန်
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်ကာ
ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်
ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က
တာဝန်ရှိသူများပါဝင်မည့်အထူးကိုယ်စားလှယ်အဖွဲ့သည်မလေးရှားနိုင်ငံသို့လာမည့်ရက်ပိုင်းအတွင်းသွားရောက်မည်ဖြစ်သည်။
မလေးရှားနိုင်ငံသို့
သွားရောက်မည့် ခရီးစဉ်တွင် နှစ်နိုင်ငံ ညှိနှိုင်းမည့်ကိစ္စ များနှင့်
ပတ်သက်၍ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသော်လည်း ထိုင်းနိုင်ငံတွင်
မြန်မာလုပ်သားများကို အထောက်အထား ထုတ်ပေးသကဲ့သို့ မလေးရှားရောက်
မြန်မာများကိုလည်း တရားဝင် အထောက်အထား ရရှိရန် ဆွေးနွေးမည့်ကိစ္စများ
ပါဝင်ကြောင်း အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ
ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က
ပြောကြားသည်။
"အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းသွား
မှာပါ" ဟု ၄င်းက ဆိုသည်။
အထူးကိုယ်စားလှယ် အဖွဲ့သည် တရားမဝင် မြန်မာအလုပ်သမားအများ၏ ကျီးလန့်စာစား
အခြေအနေကို မည်မျှ ဖြေရှင်းနိုင်မည်နည်း။ နိုင်ငံတော်
သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံ
ရသည့် မြန်မာနိုင်ငံသားဟု ဆိုသူများကို အမှန်တကယ် နိုင်ငံသား ဟုတ်မဟုတ်
စိစစ်ကာ
မြန်မာနိုင်ငံသားဖြစ်သူများကိုမြန်မာနိုင်ငံသို့ပြန်လည်ခေါ်ယူနိုင်ရန်ဆောင်ရွက်နေသည်ဟုနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်သိရှိရကြောင်းပြောဆိုထားသည်။မြန်မာနိုင်ငံအစိုးရအနေဖြင့်နှစ်နိုင်ငံသံတမန်ရေးရာအရ
ညှိနှိုင်းကာ လုပ်ဆောင်နိုင်သည့် နည်းလမ်းအမျိုးမျိုး ရှိသည်။
ဖမ်းဆီးခံရသည့်
မြန်မာများကို ထောင်ဒဏ်၊ ကြိမ်ဒဏ် စသည့် ပြစ်ဒဏ် မကျခံရဘဲ
နေရပ်ပြန်ခေါ်ရေး၊ တရားဝင် အထောက်အထားများ ရရှိအောင် ဆောင်ရွက်
ကာ အလုပ်ဆက်လက် လုပ်ကိုင်ခွင့်ရရှိရေး ကိစ္စများကို နှစ်နိုင်ငံအစိုးရ
သံတမန် နည်းလမ်းအရ ညှိနှိုင်းကာ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ကြောင်း
မလေးရှားရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူများ က ပြော
ကြားသည်။
မလေးရှား နိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားများကို တရားဝင်
မှတ်ပုံတင်ပေးသည့် နိုင်ငံခြား လုပ်သားများ စီမံခန့်ခွဲရေး အစီအစဉ်(6p)
စနစ်ဖြင့် တရားဝင် ပြုလုပ်ရာတွင် ပွဲစားများ၏ လိမ်လည်မှုကြောင့် မြန်မာ
လုပ်သားများစွာ တရားဝင် အထောက်အထား မရရှိခဲ့သည့် ပြဿနာများ
ဖြစ်ပေါ်ခဲ့ကြောင်း အလာတူပြဿနာမျိုး
ထပ်မံမဖြစ်စေရန်နှစ်နိုင်ငံအစိုးရအနေဖြင့်သေချာလုပ်ဆောင်ပေးရန်လိုအပ်ကြောင်း
မလေးရှားနိုင်ငံအခြေ
စိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ
ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကြီးက ဆိုသည်။
မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက် လုပ်ကိုင်နေကြသည့် အဓိက ပြဿနာများ၊
တရားဝင် သွားရောက် လုပ်ကိုင်သည့် လုပ်သားများလည်း အိုသမား (တရားမဝင်)
ဖြစ်နေရသည့် ပြဿနာ အဓိကရင်းမြစ်များကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံ
ညှိနှိုင်းဆောင်ရွက်ရေးမှာ အထူးအရေးကြီးကြောင်း မလေးရှားရောက် မြန်မာများက
ပြောကြား
ကြသည်။
မလေးရှား အလုပ်ရှင်များက အလုပ်သမား ဥပဒေများကို မလိုက်နာခြင်း၊ အလုပ်သမား
အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ အလုပ်ရှင်က နိုင်ငံကူး
လက်မှတ် များကို သိမ်းဆည်းထားခြင်း စသည့် ကိစ္စရပ်များကြောင့် မြန်မာ
လုပ်သား အများစု တရားမဝင် ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း ၄င်းတို့က ပြော
ဆိုကြသည်။
"မြန်မာအစိုးရကသံတမန်နည်းလမ်းအရလုပ်ဆောင်တာအားနည်းတယ်။သံရုံးကလည်းအားနည်းတယ်"ဟုမလေးရှားနိုင်ငံတွင်
၁၅ နှစ်ခန့် ကြာမြင့်ပြီ ဖြစ်သည့် ဦးထွန်းအောင်က ပြောကြားသည်။
အဖမ်းအဆီးများ ငါးရက်မြောက်နေ့ ရောက်ရှိသည့်နေ့တွင် အဖမ်းအဆီး အနည်းငယ်
အသံတိတ်နေသည်ဟု ဦးအောင်ကြီးက ပြောဆိုသည်။
တရားမဝင် နိုင်ငံခြားသားများ ရှိသည့် နေရာများတွင် အဖမ်းအဆီးများ
ကြမ်းတမ်းခဲ့ပြီး မျက်နှာကြက်၊ ကြမ်းခင်းအောက်တွင် ပုန်းအောင်းနေသူ
များကိုပါ ဖမ်းဆီးခဲ့ရာ အဖမ်းအဆီး လေးရက်မြောက် နေ့ထိ တရားမဝင်
နိုင်ငံခြားသားပေါင်း ၂,၅၈၆ ဦးအနက် မြန်မာ ၅၇၉ ဦး ပါဝင်ခဲ့သည်။
ဖမ်းဆီးခံရပါက ထိန်းသိမ်းရေး စခန်းများကို တိုက်ရိုက် ခေါ်ဆောင်သွားမည်
ဆိုသဖြင့် အမျိုးသားများထက် အမျိုးသမီးများ အတွက် ပိုမိုစိုးရိမ်ရကြောင်း၊
ဖမ်းဆီးခံရပါက နေရပ်ပြန်မပို့ဘဲ နယ်စပ်တွင် ပစ်ထားပါက ပိုမို အန္တရာယ်
ရှိကြောင်း မလေးရှားရောက် တရားမဝင် အမျိုးသမီး လုပ်သားများကို
မေးမြန်းချက်အရ သိရှိရသည်။
အဖမ်းအဆီးများစိတ်လာသဖြင့်တရုတ်လုပ်ငန်းရှင်များကတရားမဝင်လုပ်သားများကိုအလုပ်စဖြုတ်နေကြပြီဖြစ်ရာအချို့တရားမဝင်
မြန်မာ
များသည် လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် ပုန်းအောင်းနေကြပြီး
ယခုအချိန်တွင် တောအုပ်များထဲတွင် ပုန်းအောင်းနေ ကြပြီဖြစ်ကြောင်း
မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
"စာအုပ် (နိုင်ငံကူးလက်မှတ်) မရှိတဲ့သူတွေ မအိပ်နိုင် မစားနိုင် ဖြစ်နေ
ကြတယ်" ဟု ဆလင်ဂေါတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမည့် အပြင် ၄င်းတို့ကို အကာ
အကွယ်ပေးသူ၊ အကူညီပေးသူ၊ အလုပ်အကိုင်ပေးသူ များကိုပါ မလေးရှား
လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဒဏ်ငွေ ငါးသိန်းနှင့် ထောင်ဒဏ် ငါးနှစ်၊
ကြိမ်ဒဏ် ခြောက်ချက် သို့မဟုတ် ပြစ်မှုအားလုံးကို ချမှတ်နိုင်ကြောင်း
ရာဇသံပေးထားသည့် တစ်ကျော့ပြန် အော်ပရာစီတွင် ရေနည်းငါး
ဖြစ်နေသော တရားမဝင် မြန်မာအလုပ်သမား များ၏ ကျီးလန့်စာစား ဘဝကို
မြန်မာအစိုးရ အနေနှင့် မည်မျှ အကာအကွယ် ပေးနိုင်မည်နည်း
ဆိုသည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
(သတင်းဆောင်းပါး- အောင်မြင့်ထွန်း)
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...