သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 14, 2013

အသည်းအဆီဖုံးရောဂါအတွက် သိသင့်သောအချက်

အသည်းအဆီဖုံးခြင်းသည် အမျိုးသားများထက် အသက်အရွယ်ကြီးပိုင်း အဝလွန်သောအမျိုးသမီးများတွင် ပိုမိုဖြစ်ကြပါတယ် ။ ဌင်းရောဂါသည့် အမျိုးသားများထက် အမျိုးသမီးများတွင် ၆၀ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိပါတယ် ။
ဒီရောဂါဖြစ်ပွားရခြင်းသည် အဓိကတော့ အဆီပါဝင်မှု့ များသော အစားသောက်များကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပွားရပါသည် ။ အဆီအဆိမ့်ပါဝင်နှုန်းများပြားသည့် အစားအစာမ...ျားမှာ မလိုင် ၊ ထောပတ် ၊ ဒိန်ခဲ နှင့် နို့ ထွက်ပစ္စည်းများဖြင့် အထူးပြု့ လုပ်ထားသော မုန့် မျိုးစုံအစားသောက်တွင် Cholesterol များစွာပါဝင်ခြင်းကြောင့် ရေရှည်စားသုံးလာခဲ့လျှင် အသည်းအဆီဖုံးခြင်းကို ဖြစ်ပေါ်စေပါတယ် ။
တာရှည်ခံအောင် အထူးစီမံပြု့ လုပ်ထားသော စည်သွတ်ဘူးများတွင် လူခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေနိုင်သော အဆီဓာတ်များပါဝင်နေခြင်းကြောင့် စည်သွတ်ထားသော သား ငါး တွေကိုလည်း ရှောင်ကြဉ်ရမှာပါ ။
ထိုအပြင် အသားများတွင် အဆီများများပါဝင်သည့် ကြက် ၊ ဘဲ ၊ ငါး၏အရေပြား ၊ ကြက်ဥ ၊ ဘဲဥ ၊ ငုံဥ ၊ အဆီပိုသော အမဲသား နှင့် ဝက်သားများကို ရှောင်ရှားသင့်ပါသည် ။ ဌင်းအစားသောက်များကို စားသောက်လျှင် အသီးအချဉ် နှင့် ဟင်းရွက်အသီးအနှံများကိုပါ ရောနှောစားသောက်ပါ သို့ သော အသားများကို အလွန်အကျွံစားသောက်တက်ခြင်းကို လျှော့ရပါလိမ့်မည် ။ သင်သည် အဆီများသော အစားသောက်များကို စားသောက်ပြီးလျှင် အေးသောရေကို ချက်ခြင်းသောက်သုံးခြင်း မပြုသင့်ပါ ။
အသည်းအဆီဖုံးခြင်း ဖြစ်နေသောသူများတွင် ဆက်လက်ပြီးတော့ အသိပေးလိုတာက အဆီများစွာဖြင့် ကြော်လှော်ထားသော အစားသောက်များ ၊ အုန်းသီး အုန်းနို့  ၊ အထူးသဖြင့် စားအုန်းဆီတို့ ကိုရှောင်သင့်ပြီး အမျိုးသားများတွင် စားသုံးလေ့ရှိသည့် အရက် ၊ ဆေးလိပ် နှင့် ကွမ်းစားခြင်းကိုပါ ရှောင်ကြဉ်ပါ ။
အသည်းအဆီဖုံးသူအတွက် ဂတ်စ်များစွာ ပါဝင်နှုန်းဖြင့်စီမံထုတ်လုပ်ထားသော အချိုရည် ဗူးကိုသောက်သုံးခြင်းကို အထူး ရှောင်ရှားပါ ။
ဝေဒနာသည်အနေနှင့် စားသုံးသင့်သည့် အစာအဟာရများကတော့ လက်ဆတ်သော ဟင်းသီးဟင်းရွက် ၊ အရည်ရွမ်းသော အသီးအနှံများ ၊ မလှိုင်ဖယ်ထားသော နို့ နှင့် အဆီပါဝင်မှု့ နည်းပါသော အသား ၊ ငါး ၊ ပုဇွန် တို့ ဘဲ ဖြစ်ပါတယ် ။ အသီးဖျော်ရည်များဖြစ်သော သံပုရာရည် ၊ ရှောက်သီးဖျော်ရည် ၊ ဂရိတ်ဖု ဖျော်ရည်များကို မကြာမကြာ သောက်သုံးသင့်ပါသည် ။
 
 
Mg Mandalay

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D