သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 11, 2013

ရန်ကုန် အပါ အဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဆင်ခြေထောက် aရာဂါ အမြစ်တွယ်နေ

ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး၁၁ခု တွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်နေကြောင်း
ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီမံချက်မှ သိရသည်။
ထို့ကြောင့် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူကုန်
ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယခုလ ၉ ရက်မှ ၁၅ ရက်အထိ လုပ်ဆောင်သွားမည်ဟု အထက်ပါ
စီမံချက်မှ ဒေါက်တာ နီနီအေးက ပြောသည်။

လူကုန်ဆေးကျွေးခြင်းလုပ်ငန်းဆိုသည်မှာ ဆေး တိုက်ကျွေးမည့် ခရိုင်များအလိုက် လူဦးရေ စုစုပေါင်း
အနက်မှ နှစ်နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နှင့် ရောဂါ တစ်ခုခုကြောင့် အိပ်ရာထဲလဲနေသူမှအပ
ကျန်လူ များအားလုံးကို တစ်ပတ်အတွင်း ဆေးတိုက်ကျွေးခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ယင်းသို့ တစ်ပတ်အတွင်း ဆေးတိုက်ကျွေးခြင်းကို တစ်နှစ်လျှင်တစ်ကြိမ် အနည်းဆုံး ငါးနှစ်ဆက်တိုက်
တိုက်ကျွေးရမည်ဖြစ်သည်။

တိုက်ကျွေးမည့် ဆေးများမှာ DEC-Diethylcarba- mazine (itrate) နှင့် Albendazole သန်ချဆေး စ
သည့် နှစ်မျိုးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

ယခုနှစ်တွင် လူကုန်ဆေးကျွေးခြင်းကို မကွေး၊ စစ်ကိုင်းနှင့် မန္တလေး တိုင်းဒေသကြီးများအပြင် ရန်ကုန်၊
ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ တွင် ဆောင်ရွက်လျက်ရှိ
သည်။

”ဆင်ခြေထောက်ရောဂါ အဖြစ် များနေလို့တိုက်တာမဟုတ်ပါဘူး။ ဆင် ခြေထောက်ရောဂါ ကင်းဝေးသွား
အောင် တိုက်တာပါ”ဟု ဒေါက်တာ နီနီအေးက ဆိုသည်။

ဆင်ခြေထောက်ရောဂါသည် သန် ကောင်အမျိုးအစား ပိုးတစ်မျိုးကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်
သည်။ အဆိုပါ ပိုးကို ရေပုပ်ရေသိုးမြောင်းနှင့် မလုံခြုံသော အိမ်သာကျင်းများ တွင် ပေါက်ပွားသော
ကျူးလက်(စ်)ခြင်မှ သယ်ဆောင်ပြီး ၄င်းခြင်းကိုက်ရာမှ ကူး စက်ဖြစ်ပွားသော ရောဂါဖြစ်သည်။

ဆင်ခြေထောက်ရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊ မမရွေးဖြစ် ပွားနိုင်ပြီး ဆင်ခြေထောက်ရောဂါ
ပိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသော်လည်း မည်သည့်လက္ခဏာမှ မပြဘဲ ငုပ်နေတတ်သည်။ ရောဂါပိုး
သယ် ဆောင် သောခြင်ကိုက်ခံရပြီး ရောဂါ လက္ခဏာ ပေါ်ရန် ခြောက်လမှ ရှစ်နှစ်အထိ ကြာ တတ်
ကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါ၏ လက္ခ ဏများမှာ ချမ်းတုန်၍ ဖျားခြင်း၊ ခန္ဓာ ကိုယ်တစ်နေရာတွင် နီရဲပူလောင်
ရောင် ရမ်း၍ နာကျင်ခြင်း၊ သားငန်ရည်ကြော နှင့် အကျိတ်များ တွင် ရောင်ခြင်း၊ ဆီး သွားသည့်အခါ
အဖြူရောင် ပျစ်ချွဲချွဲဖြစ် နေခြင်း၊ အင်ပြင်ထွက်ခြင်း၊ ပန်းနာရင် ကျပ်ရောဂါကဲ့သို့ ရင်ကျပ်ခြင်း၊ ဘော
အောင့်ခြင်း၊ ရေမုတ္တစသည့် လက္ခဏာ များ ခံစားရတတ်ပြီး ¤င်းမှ တစ်ဆင့် ခြေထောက်၊ လက်များ တ
ဖြည်းဖြည်း ကြီးလားခြင်း(တစ်ဖက်တည်းဖြစ်စေ၊ နှစ်ဖက်လုံးဖြစ်စေ) ဖြစ်လာပြီးနောက် ဆုံးတွင် ခြေ၊
လက်များ ဆင်ခြေထောက် ကဲ့သို့ဖြစ်လာ တတ်ကြောင်း ဒေါက်တာ နီနီအေးက ဆိုသည်။

ဆင်ခြေထောက်ရောဂါပိုး ကင်း ဝေးစေရန် တိုက်ကျွေးသည့် ဆေးများကို တစ်နှစ်လျှင် တစ်ကြိမ်ငါးနှစ်
ဆက်တိုက် သောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဆင် ခြေေ ထာက်ရောဂါပိုး ရှိသော်လည်း ရောဂါလက္ခဏ
မပြဘဲ ငုပ်နေသူများ တွင် ရောဂါပိုးများသေဆုံး၍ ရောဂါ ပိုးကင်းစင်နိုင်ကြောင်း သိရသည်။

ရောဂါပိုးမရှိသူများတွင် ဆေးအာ နိသင်ကြောင့် ရောဂါပိုးကူးစက်မှုမှ ကာ ကွယ်နိုင်မည်ဖြစ်ပြီး သန်ချ
ဆေးနှင့် တွဲ တိုက်သည့်အတွက် ခန္ဓာကိုယ်ရှိ အခြား သန်ကောင် များပါ သေစေနိုင်သည့် အ တွက် က
လေးများတွင် သန်ကောင် ရောဂါမရှိခြင်းကြောင့် စားသမျှ အာဟာ ရဖြစ်စေမည့် အကျိုးကျေးဇူး များ
ရရှိနိုင်ကြောင်း သိရသည်။

ဆင်ခြေထောက်ရောဂါ ကင်းရန် တိုက်ကျွေးသော ဆေးများမှာ ဆိုးရွား သော ဆိုးကျိုးများမရှိကြောင်း၊
ဆေး သောက်ပြီး ၂၄ နာရီအတွင်း(သို့) ၂၄ နာရီကျော်ပြီး တစ်စုံတစ်ရာ ခံစားရပါက အနီးဆုံးကျန်းမာ
ရေး ဝန်ထမ်းများအား ပြရမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန် ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး ဆင်ခြေထောက် ရောဂါကင်းဝေးစေရန် ရည်မှန်းချက်
ဖြင့် ၂ဝဝ၁ ခုနှစ်မှ စတင်၍ လူကုန် ဆေးကျွေးခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ သည်။

ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့မှအပ ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်
ဆင်ခြေ ထောက်ရောဂါ အမြစ်တွယ်လျက်ရှိ သည်ဟု စီမံချက်မှ သိရသည်။

အရှေ့တောင်အာရှ ဒေသဆိုင်ရာ ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံ အပါအဝင် ၉ နိုင်ငံမှာ ဆင်ခြေထောက်
ရောဂါ အမြစ်တွယ်လျက်ရှိသည်။

ကမ္ဘာပေါ်တွင် လူဦးရေသန်း ၄ဝ ကျော်မှာ ဆင်ခြေထောက်ရောဂါ လက္ခဏာ တစ်ခုခုကို ခံစားနေရပြီး
သန်း ၇ဝ ကျော်မှာ ရောဂါလက္ခဏာ မပြဘဲ ငုပ်နေသည့် အခြေအနေတွင်ရှိ ကြောင်း ဒေါက်တာနီနီ
အေးက ပြော သည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D