သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 12, 2013

မြန်မာဘက်မှ ဆိုင်ကယ်များအား တရုတ် ယာဉ်ထိန်း ရဲများက ဖမ်းဆီး ငွေညှစ်


နမ့်ခမ်းမြို့ တဘက်ကမ်းရှိ (တရုတ်မြန်မာနယ်စပ်) ရွှေလီမြို့
၁၁ စက်တင်ဘာလ ၂၀၁၃
သျှမ်းမြောက်ပိုင်း နမ့်ခမ်းမြို့ တဘက်ကမ်းရှိ (တရုတ်မြန်မာနယ်စပ်) ရွှေလီမြို့ အသွား ကားလမ်းမ တ
လျှောက်တွင် တရုတ်ယာဉ်ထိန်းရဲများက မော်တော်ဆိုင်ကယ်များ ဖမ်းဆီးပြီး ဒဏ်ငွေပေး ဆောင်ခိုင်း
ကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

“တရုတ်ယာဉ်ထိန်းရဲ တွေက ကျနော်တို့ဒီဘက်ခြမ်းက (မြန်မာဘက်က)ဆိုင်ကယ်တွေကို လိုင်စင်ရှိရှိ
မရှိရှိ ဖမ်းတယ်။ ပြီးရင် မြန်မာငွေ ၈ သောင်းကျပ်နဲ့ညီတဲ့ တရုတ် (ယွမ် ၅၀၀) ဒဏ်ငွေ ပေးဆောင်ခိုင်း
တယ် ဗျ၊ မပေးဆောင်ရင် ဆိုင်ကယ် သိမ်းပြီး သံရည်ကျို စက်ရုံကိုပို့တော့တာ” တရုတ်ပြည်ဘက်ခြမ်း
က ရွှေလီဘက်ခြမ်းသို့ ဆိုင်ကယ်ဖြင့်ဈေးပတ် လာရောင်းသည့် စိုင်းပီးက ပြော သည်။

“အဒါက မတရားဘူးဗျာ၊ကျနော်တို့ မြန်မာပြည်ခြမ်းမှာတော့ တရုတ် နံပါတ်ပြား တပ်ပြီး မောင်းနှင်
ပြေး ဆွဲနေ တဲ့ ကားတွေမော်တော်ဆိုင်ကယ်တွေကို မြန်မာယာဉ်ထိန်းရဲတွေက ဘယ်အခါမှ ဖမ်းဆီး
ငွေညှစ် တာ မတွေ့ဖူး မကြားဖူးပါဘူး”ဟု ၎င်းကဆက်ပြောသည်။

တရုတ်ပြည်ဘက်ခြမ်းက ဆိုင်ကယ်လိုက်ဖမ်းမှုကြောင့် ဈေးပတ်လိုက်မရောင်းရတာ တစ်ပတ် ကျော်
ရှိနေပြီ ဖြစ်ကြောင်း၊ တရုတ်ယာဉ်ထိန်းရဲများ ဆိုင်ကယ် ဖမ်းဆီးမှုသည် နှစ်စဉ် နှစ်တိုင်း တရုတ်မုန့်
စား ပွဲ မတိုင်မှီ တွင်ပြုလုပ်ကြောင်း၊ သို့ရာတွင် ယခုနှစ်တွင်မူ ဒဏ် ငွေ အဆမတန်ပိုတောင်း ထား
ကြောင်း ၄င်းကဆိုသည်။

“ ကျနော်တို့မြန်မာပြည်ဘက် ကုန်တင်ကားတွေ တရုတ်ပြည်ရွှေလီမြို့အထိ ကုန်တင်ပြေးဆွဲ မယ်ဆို
ရင် တရုတ်ယာဉ်ထိန်းရဲတွေကို တရုတ်ယွမ် (၃ သောင်းမှ ၅သောင်းအထိ) မြန်မာငွေကျပ် သိန်းရှစ်
ဆယ်ခန့် အရင်ဆုံး အပေါင် ထားရတာ ၊ ဒါ့အပြင် ကျသင့်တဲ့အခွန်တွေလဲထပ်ပြီး ပေးဆောင်ရတယ်။
ကျနော် တို့ မြန်မာယာဉ် မောင်းလိုင်စင် ကို လည်း တရုတ်ယာဉ်မောင်းလိုင်စင်ဖြစ်အောင် ဘာသာပြန်
ခ တရုတ်ယွမ် ထောင် ဂဏန်း အထိပေးဆောင်ရတယ် ” ဟု ခြောက်ဘီးကုန်တင်ကားသမား စိုင်းလှ
မောင် ကပြောသည်။

မြန်မာဘက်ခြမ်းသို့ တရုတ်နိုင်ငံသားပိုင် တရုတ်လိုင်စင်ရှိ ကားနှင့်လိုင်စင်မဲ့ကုန်တင်ကားများသည်
တာဝန်ကျ သော ကူးတို့ဆိပ် စောင့် မြန်မာလုံခြုံရေး ရဲ များကို ကားတစ်စီးလျှင် ကျပ်တစ်ထောင်မှ
ငါးထောင်ကျပ်အထိ ပေးဆောင်ပြီးပါက စိတ်ကြိုက်မောင်းနှင်ပြေးဆွဲနိုင်ကြောင်း ၄င်းကဆိုသည်။

တရုတ်ကုန်တင်ကားများ အများအပြား ၀င် ရောက်ပြေးဆွဲနေ မှု ကြောင့်နမ့်ခမ်း-မူစယ် ကားလမ်းမ
လည်း များစွာပျက်ဆီးနေပြီး သက်ဆိုင်ရာမှလည်း လာ ရောက်ပြုပြင် ပေး ခြင်းမရှိကြောင်း ဒေသ
တွင်းသတင်းမှ ကြားသိရသည်။

သျှမ်းသံတော်ဆင့် (မိုဟန်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D